အောက်တိုဘာ ၁၉ ရက်တွင် ရန်ကုန်ရွှေအသင်းက ရည်ညွှန်းစျေး တစ်ကျပ်သားလျှင် ကျပ် ၃၀၄၇၇၀၀ သတ်မှတ်

အောက်တိုဘာ ၁၉ ရက်တွင် ရန်ကုန်ရွှေအသင်းက ရည်ညွှန်းစျေး တစ်ကျပ်သားလျှင် ကျပ် ၃၀၄၇၇၀၀ သတ်မှတ်
Published 19 October 2023

အောက်တိုဘာ ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက  ဘဏ်များအကြား Online Trading USD Rate ဖြင့် စျေးကွက်ရည်ညွှန်းစျေးကို တစ်ကျပ်သားလျှင် ကျပ် ၃၀၄၇၇၀၀ သတ်မှတ် ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ်  ၂၂၀၄၀၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ပြီး ပြင်ပစျေးကွက်၌ ပြည်တွင်းရွှေစျေး ကျပ် ၂၇၉၀၀၀၀ ဝန်းကျင်ရှိခဲ့သည်။ဖေဖော်ဝါရီ ၂၈ ရက်တွင်  ပြင်ပစျေးကွက်၌ ပြည်တွင်းရွှေစျေး ကျပ် ၂၈၄၁၀၀၀ ဝန်းကျင်ရှိခဲ့သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ်  ၂၂၈၅၅၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ပြီး ပြင်ပစျေးကွက်၌ ပြည်တွင်းရွှေစျေး ကျပ် ၂၈၂၃၀၀၀ ဝန်းကျင်ရှိခဲ့သည်။

ပြီးခဲ့သည့်စက်တင်ဘာ ၁၀ ရက်တွင် အခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၃၁၁၀၀၀၀ ဝန်းကျင်ဖြင့် စတင်စျေးဖွင့်ခဲ့ပြီး ကျပ် ၃၁၃၀၀၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ကာ အနိမ့်ဆုံး ကျပ် ၃၁ဝဝဝဝဝနှင့် အမြင့်ဆုံး ကျပ် ၃၁၃၀၀၀၀ ဝန်းကျင်ရှိခဲ့သည်။

စံချိန်တင်စျေးနှုန်းအနေဖြင့် သြဂုတ်၁၂ ရက်တွင် အခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၂၆ သိန်းသို့ ရောက်ရှိခဲ့ပြီး သြဂုတ်၁၃တစ်ရက်တည်းတွင် နံနက်ပိုင်း၌ ၂၇ သိန်း၊ နေ့လည်ပိုင်းတွင်၂၈ သိန်းကျော် အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး သြဂုတ် ၃၁ ရက်က ၃၆၇၀၀၀၀ ထိ စံချိန်တင်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

 

Most Read

Most Recent