စပယ်လက်တီခေါ်ဆောင်လာမယ့် အီတာလျံတွေ

စပယ်လက်တီခေါ်ဆောင်လာမယ့် အီတာလျံတွေ
Photo : Facebook
Photo : Facebook
Published 12 October 2023
Hein Thant

နည်းပြသစ်စပယ်လက်တီရဲ့ အီတလီအသင်းအတွက် ယူရို-၂၀၂၄ ခြေစစ်ပွဲတိုက်ရိုက်အောင်ဖို့ဆိုရင် ဒီလကစားရမယ့် ပွဲတွေကစလို့ အရေးကြီးလာတယ်။ အီတလီဟာ ယူရို-၂၀၂၄ ခြေ စစ်ပွဲအုပ်စု (C) မှာပါနေတယ်။ လက်ရှိ (၄)ပွဲက စားပြီးချိန် ရမှတ် (၇)မှတ်နဲ့ အင်္ဂလန်ရဲ့အောက် အုပ်စုဒုတိယနေရာမှာရှိနေတယ်။ ကျန်အသင်းတွေထက် (၁)ပွဲလျော့ကစားထားပေမယ့် အုပ်စုထိပ်ဆုံးက အင်္ဂလန်နဲ့ (၆)မှတ်အထိကွာဟနေပြီး ကျန်အဆင့် (၃)နဲ့ (၄)မှာရှိကြတဲ့ ယူကရိန်း၊ မက်ဆီဒိုးနီးယားအသင်းတွေနဲ့တော့ (၇)မှတ်ချင်းတူနေတယ်။ ဒါကြောင့် အီတလီအသင်းတိုက်ရိုက်ခြေစစ်ပွဲအောင်ဖို့ဆိုရင် လက်ကျန် (၄)ပွဲစလုံးကိုအနိုင်ကစားထားနိုင်မှသာ ဖြစ်နိုင်တော့မယ်။ ဒါကပဲ  အီတလီလက်ရွေးစင်အသင်းနည်းပြသစ် စပယ်လက်တီအတွက် အကြီးမားဆုံးသောစိန်ခေါ်မှု၊ အခက်ခဲဆုံးသော စမ်းသပ်မှုတွေဖြစ်လာခဲ့တယ်။

 

Most Read

Most Recent