မန္တလေးတိုင်းဒသကြီး မြင်းခြံမြို့နယ် ပျိုးကန်ကျေးရွာတွင် အသက် ၅၀ နှစ်ကျော် အရွယ်ရှိ အမျိုးသားနှစ်ဦးနှင် အမျိုးသမီး နှစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း သ တင်းရရှိသည်။
အဆိုပါ ပစ်သတ်ခံရသူများမှာ တစ်ရွာ တည်းနေသူများဖြစ်ပြီး နေအိမ်တစ်အိမ်ထဲ တွင်ရှိနေချိန် ဒလန်စွပ်စွဲချက်ဖြင့်သတ်ဖြတ် ခံရခြင်းဖြစ်ကြောင်းသိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ် ဖွဲ့ကသတင်းထုတ်ပြန်ရာတွင်လည်း စက် တင်ဘာ ၂၈ ရက်က မြင်းခြံမြို့နယ်၊ ပျိုးကန် ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုး သားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးသေဆုံး ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့့ဝင်များ က သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါကျေး ရွာနေ ဦးကျင်စိုး(ခ)ဦးခင်မောင်ထွေး(၅၄ နှစ်)သည် ၎င်း၏နေအိမ်၌ ဇနီးဖြစ်သူဒေါ် သန်းကြည်(ခ)ဒေါ်စိန်တင်(၅၃ နှစ်)၊ တစ် ရွာတည်းနေသူများဖြစ်သည့် ဒေါ်လုံး(၅၄ နှစ်)၊ ဦးကျော်မိုး(၅၄ နှစ်)တို့နှင့်အတူ ရှိနေစဉ် PDF ခြောက်ဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက် ရှိလာပြီး ဒလန်မိသားစုဟုစွပ်စွဲ ပြော ဆိုကာ သေနတ်ဖြင့် ၀ိုင်းဝန်းပစ်ခတ်သတ်ဖြတ်ခဲ့ သဖြင့် ဦးကျင်စိုး(ခ)ဦးခင်မောင်ထွေးပါ လေး ဦးတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။















