စီးရီးအေရာသီအဖွင့် (၅)ပွဲဆက် အနိုင်ရသည့်မှတ်တမ်းအား အင်တာမီလန်အသင်း (၄)ကြိမ်မြောက် ပိုင်ဆိုင်ခဲ့

စီးရီးအေရာသီအဖွင့် (၅)ပွဲဆက် အနိုင်ရသည့်မှတ်တမ်းအား အင်တာမီလန်အသင်း (၄)ကြိမ်မြောက် ပိုင်ဆိုင်ခဲ့
Photo : Getty Images
Photo : Getty Images
Published 25 September 2023

အင်တာမီလန်အသင်းသည် ယခုရာသီ စီးရီးအေရာသီအဖွင့်ပွဲစဉ် (၅)ပွဲဆက်တိုက်အနိုင်ရရှိထားပြီး ယင်းမှာအသင်းသမိုင်းတစ်လျှောက် (၄)ကြိမ် မြောက်စွမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၂၀၂၃-၂၄ ရာသီ စီးရီးအေချန်ပီယံဆုအတွက် ရေပန်းအစားဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရသည့်အင်တာမီလန်အသင်းသည် ရာသီအစတွင်ပင် ရေပန်းစားမှုနှင့် ထိုက်တန်သည့် စွမ်းဆောင် ရည်ကောင်းများကို ပြသနေခြင်းဖြစ်သည်။

အင်တာမီလန်အသင်းသည် ယခုရာသီမတိုင်မီ ၁၉၆၆-၆၇ (နည်းပြဟီလီနီယိုဟာရဲရား)၊ ၂၀၁၅-၁၆ (နည်းပြ မန်စီနီ)၊ ၂၀၁၉-၂၀ (နည်းပြကွန်တီ) ရာသီများတွင်လည်း စီးရီးအေရာသီအဖွင့် (၅)ပွဲဆက်တိုက်အား အနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် အင်တာမီလန်အသင်းအနေဖြင့် စီးရီးအေရာသီအဖွင့် (၅)ပွဲဆက် အနိုင်ရခဲ့သော ပြီးခဲ့သည့် (၃)ကြိမ်တွင် ရာသီကုန်၌ တစ်ကြိမ်မှချန်ပီယံမဖြစ်ခဲ့ဘဲ အဆင့် (၂)နှင့် အဆင့် (၄)နေရာများကိုသာ ရယူနိုင်ခဲ့ပြီး ယင်းအချက်မှာ အသင်းအတွက် ယခုရာသီစိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်ကြောင်း အီတလီမီဒီယာများကဖော်ပြခဲ့ကြသည်။

Most Read

Most Recent