အမ်ပိုလီ - အင်တာမီလန် (တနင်္ဂနွေညနေ ၅း၀၀ နာရီ)
အမ်ပိုလီက စိတ်ပျက်စရာကစားဟန်နဲ့ အားရစရာလုံး၀ မရှိဘူး။ ဦးတည်ချက်မဲ့သလိုဖြစ်နေပြီး သွင်းဂိုးတစ်ဂိုးမှ မရသေး တာကလည်း တကယ်ကို ဆိုးရွားလွန်းပါတယ်။ အင်တာမီလန် ကိုတော့ အခုရာသီ စီးရီးအေရဲ့ အကောင်းဆုံးအသင်းလို့ ဆိုရ မှာဖြစ်ပြီး တိုက်စစ်မှူးသစ်တွေ ဖြစ်တဲ့ မားကပ်စ်သူရမ်၊ အာနော် တိုဗစ်တို့ကလည်း အရမ်းအားကိုးရတယ်။ အဝေးကွင်းဖြစ်ပေမဲ့ အင်တာမီလန် ဂိုးပြတ်နိုင်မယ်။
အတ္တလန်တာ - ကာဂလီယာရီ (တနင်္ဂနွေည ရး၃၀ နာရီ)
အတ္တလန်တာက နိုင်တစ်ခါ၊ ရှုံးတစ်လှည့်ဖြစ်နေပေမဲ့ ပြီး ခဲ့တဲ့ရာသီထက် ပိုကောင်းလာတာကိုတော့ ငြင်းလို့မရဘူး။ ကာ ဂလီယာရီက လက်ရှိအချိန်အထိ နိုင်ပွဲပျောက်ဆုံးနေပြီး ဒီပွဲ လည်း ရုန်းကန်ရဦးမယ့်ပုံပါပဲ။ အိမ်ရှင်ကို ကြိုက်တယ်။
အူဒီးနီးစ် - ဖီအိုရင်တီးနား (တနင်္ဂနွေည ရး၃၀ နာရီ)
အူဒီးနီးစ်က အဖွင့်ပွဲမှာ ဂျူဗင်တပ်စ်ကို ရှုံးခဲ့ပြီးနောက် နောက်ဆုံး (၃)ပွဲဆက် သရေကျခဲ့တယ်။ လက်ရှိခြေစွမ်းအရ ဖီအိုရင်တီးနားက ပိုကောင်းတာ ငြင်းလို့မရပေမဲ့ ဒီပွဲတော့ အူဒီး နီးစ် ရလဒ်ကောင်းလိမ့်မယ်။
ဘိုလော့ဂ်နာ - နာပိုလီ (တနင်္ဂနွေည ၁၀း၃၀ နာရီ)
ဘိုလော့ဂ်နာက ထိပ်သီးတွေနဲ့ တွေ့ဆုံတိုင်း ဒုက္ခပေး တတ်တဲ့ အသင်းဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီကလည်း နာပိုလီကို အိမ် ကွင်းမှာ သရေကစားခဲ့တယ်။ နာပိုလီကတော့ စီးရီးအေနောက် ဆုံး (၂)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပြီး မထင်မှတ်ဘဲ ဂိုးတွေပေး နေရတာက အဓိက ပြဿနာ ဖြစ်နေတယ်။ ဒါပေမဲ့ နောက်ပိုင်း နှစ်တွေမှာ ဘိုလော့ဂ်နာနဲ့ တွေ့ဆုံတိုင်း နာပိုလီအသင်း ရလဒ် ကောင်းလေ့ရှိပြီး အခုပွဲမှာလည်း နိုင်ပွဲအတွက် သေသေချာချာ ပြင်ဆင်လာဖို့ ရှိပါတယ်။ အဝေးကွင်း ဖြစ်ပေမဲ့ နာပိုလီအနိုင် ရဖို့များပြီး ဂိုးပြတ်၊ မပြတ်ပဲ စဉ်းစားရမယ်။
တိုရီနို - ရိုးမား (တနင်္လာနံနက် ၁း၁၅ နာရီ)
မော်ရင်ဟိုရဲ့ ရိုးမားက စီးရီးအေနောက်ဆုံးပွဲမှာ အမ်ပိုလီ ကို (၇)ဂိုးအထိသွင်းပြီး အခုရာသီပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့ တယ်။ ဒါပေမဲ့ ရိုးမားရဲ့ ကွင်းတွင်းခြေစွမ်းကိုတော့ သိပ်ပြီး ယုံ ကြည်လို့မရသေးဘူး။ တိုရီနိုရဲ့ အိမ်ကွင်းမာဂုဏ်ကို ထည့်တွက် ရင် သရေကျဖို့များတဲ့ပွဲလို့ ထင်မိတယ်။