အင်းစိန်မြို့နယ်တွင် အမျိုးသမီးတစ်ဦး နေအိမ်အတွင်း ဓားဒဏ်ရာများဖြင့် သေဆုံး

အင်းစိန်မြို့နယ်တွင် အမျိုးသမီးတစ်ဦး နေအိမ်အတွင်း ဓားဒဏ်ရာများဖြင့် သေဆုံး
Published 7 August 2023

အင်းစိန်မြို့နယ်တွင် အမျိုးသမီးတစ်ဦး နေအိမ်အတွင်း ဓားဒဏ်ရာများဖြင့်သေဆုံးမှု ဩဂုတ် ၇ ရက်က ဖြစ်ပွားခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့မှ စုံစမ်းသိရှိရသည်။

ဩဂုတ် ၇ ရက် ညနေ ၃ နာရီကျော်ခန့်တွင် အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်အတွင်း အမျိုးသမီးတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းရသဖြင့် တွဲလက်လူမှုကူညီရေးအဖွဲ့မှ သွားရောက်ခဲ့သည်။

နေအိမ်အတွင်း အသက်လေးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦး လည်ပင်း၊ ဘယ်ဘက်ပါးနှင့် နှာနုရိုးတို့တွင် ပြတ်ရှဒဏ်ရာများရရှိခဲ့ကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

“ညနေ သုံးနာရီကျော်လောက်မှာ သတင်းရလို့ သွားရောက်ခဲ့တာပါ။ သူ့အမျိုးသားကတော့ နေပြည်တော်မှာ အလုပ်လုပ်နေတာလို့ သိရပါတယ်။ အခြားမိသားစုဝင်တွေနဲ့ အဲ့အိမ်မှာ နေထိုင်တာပါ။ မိသားစု လူမှုရေးကိစ္စလို့ အစောပိုင်းသတင်းတွေအရ သိရပါတယ်” ဟု တွဲလက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါသေဆုံးသူအမျိုးသမီး၏ အလောင်းအား အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent