နှလုံးသွေးကြောကျဉ်းရောဂါဆိုတာ တစ်ကမ္ဘာလုံးမှ လူတွေ သေဆုံးရတဲ့အ ကြောင်းရင်းထဲက အဖြစ်အများဆုံးအကြောင်း တစ်ခုဖြစ်ပါတယ်။ နှလုံးဟာ ခန္ဓာကိုယ်တစ် ခုလုံး လိုအပ်တဲ့ သွေးတွေရရှိအောင် ပို့ ဆောင်ပေးနေပေမဲ့ နှလုံးကိုယ်တိုင်က သွေး ထောက်ပံ့မှုကိုရရှိဖို့ လိုပါတယ်။ နှလုံးကို အဓိကထောက်ပံ့နေတဲ့ အဓိကသွေးလွှတ် ကြောထဲကတစ်ခုခု ရောဂါဖြစ်တာ (သို့မ ဟုတ်) ပျက်စီးတဲ့အခါ နှလုံးစွမ်းဆောင်ရည် ကျဆင်းပြီး နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးဖြစ်စေပါတယ်။
ကိုလက်စထရော ပါဝင် တဲ့ အနည်တွေ သွေးကြောမှာ စုပုံလာရာက သွေးကြောတွေ ရောင်ရမ်းလာပါတယ်။ သည့်နောက် သွေးကြောကိုကျဉ်းစေပါတယ်။ နှလုံးကိုထောက်ပံ့ပေးနေတဲ့ သွေးလွှတ်ကြော တွေဟာ နှလုံးဆီကို သွေးလုံလုံလောက် လောက် မပို့ပေးနိုင်တော့ဘူး။ ရင်ဘတ်အောင့် ခြင်း၊ မောခြင်း၊ အသက်ရှူကျပ်ခြင်းနဲ့အခြား လက္ခဏာတွေအပြင် အသက်သေဆုံးတဲ့ အထိ ဖြစ်နိုင်ပါတယ်။
နှလုံးသွေးကြောကျဉ်းရောဂါဟာ ရုတ် တရက်ထဖြစ်တဲ့ ရောဂါမဟုတ်ဘဲ ဖြည်းဖြည်း ချင်းတည်ဆောက်ပြီးဖြစ်တဲ့ ရောဂါဖြစ်လို့ ရောဂါရင့်လာမှ (သို့မဟုတ်) သွေးကြော လုံး လုံးပိတ်မှ သတိထားမိတာမျိုးဖြစ်ပါတယ်။ ဒါပေမဲ့လည်း မဖြစ်ခင်ကကြိုတင်ကာကွယ် နိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။
နှလုံးကိုသွေးပို့ပေးနေတဲ့ သွေးလွှတ် ကြောတွေကျဉ်းသွားတဲ့အခါ နှလုံးကိုအောက် ဆီဂျင်ကြွယ်ဝတဲ့ သွေးတွေအလုံအလောက် မပို့နိုင်တော့ပါဘူး။ ပုံမှန်ထက် အောက်ဆီ ဂျင်ပိုလိုတဲ့ အခြေအနေမျိုး ဥပမာလေ့ကျင့် ခန်းလုပ်နေချိန်မျိုးမှာ ပိုပြီးသိသာပါတယ်။ နှလုံးသွေးကြောကျဉ်းလက္ခဏာတွေ ပေါ် လာပါတယ်။
(က) ရင်ဘတ်အောင့်ခြင်း ။ ရင်ဘတ်ကို ဆင်နင်းသလို ကျပ်ကျပ်အောင့်အောင့်ပုံစံ မျိုး ဖြစ်တတ်ပါတယ်။ ရင်ဘတ်အလယ် (သို့ မဟုတ်) ဘယ်ဘက်ခြမ်းမှာ အောင့်တတ်ပါ တယ်။ ခန္ဓာကိုယ်ဖိအား (သို့မဟုတ်) စိတ်ဖိ အားများချိန်မှာ ပိုဖြစ်တတ်ပါတယ်။
(ခ) မောခြင်း၊ အသက်ရှူမဝခြင်း ဖြစ် တတ်ပါတယ်။ နှလုံးဟာ ကိုယ့်ခန္ဓာကိုယ်က လိုအပ်တဲ့သွေးကို လုံလုံလောက်လောက် မထောက်ပံ့နိုင်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင် ကျလာပြီး မောတာ၊ ကျပ်တာ၊ အသက်ရှူမဝသလို ခံစားရတာအပြင် လှုပ် လှုပ်ရှားရှားလုပ်ရင် အရမ်းအားကုန်သလို ခံစားရနိုင်ပါတယ်။
(ဂ)နှလုံးတိုက်ခိုက်ခံရခြင်း (သို့မဟုတ်) နှလုံးအလုပ်မလုပ်တော့ခြင်း ဖြစ်နိုင်ပါတယ်။ နှလုံးသွေးကြောဟာ ကျဉ်းရုံမက လုံးလုံးပိတ် သွားပြီဆိုရင် နှလုံးတိုက်ခိုက်ခံရခြင်း (သို့မ ဟုတ်) နှလုံး အလုပ်မလုပ်တော့ခြင်းဖြစ်ပါ တယ်။ ပုံမှန်ထက်ပိုပြီး အလွန်အမင်း ရင် ဘတ်အောင့်ခြင်း၊ ပခုံး (သို့မဟုတ်) လက် မောင်းနာကျင်ခြင်း၊ မေးရိုးနာကျင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။
နှလုံးသွေးကြောကျဉ်းဖြစ်ရတာဟာ နှလုံးသွေးကြောရဲ့ အတွင်းဆုံးအလွှာကို ထိ ခိုက်မှုကနေ စဖြစ်ပါတယ်။ နှလုံးသွေးကြော ကျဉ်းခြင်းရဲ့ အဓိကတရားခံက ဆေးလိပ် သောက်ခြင်း၊ သွေးတိုးရောဂါရှိခြင်း၊ သွေး တွင်းကိုလက်စထရောများခြင်း၊ ဆီးချိုသွေး ချိုရောဂါရှိခြင်း၊ လှုပ်ရှားမှုနည်းပါးတဲ့ ဘဝနေ ထိုင်မှုပုံစံရှိခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါ ဟာ သည်လိုအခြေအနေမှာလည်း ပိုပြီးဖြစ် နိုင်ခြေများပါတယ်။ အသက်ကြီးခြင်း၊ အသက် ကြီးတဲ့အခါ ပျက်စီးမှုတွေမှာ နှလုံးသွေးကြော တွေက ထိပ်ဆုံးကပါဝင်လို့ နှလုံးသွေးကြော ကျဉ်းရောဂါခံစားရပါတယ်။
နှလုံးသွေးကြောကျဉ်းရောဂါ မဖြစ်ရ အောင် ဆေးလိပ်ဖြတ်သင့်ပါတယ်။ သက် လတ်ပိုင်း အမျိုးသား၊ အမျိုးသမီးတွေဆေး လိပ်ဖြတ်လိုက်ရင် ဆေးလိပ်သောက်သုံးသူ တွေထက် နှလုံးသွေးကြောကျဉ်းရောဂါဖြစ် နိုင်ခြေကို ၅၀ ရာခိုင်နှုန်း လျော့နည်းစေပါ တယ်။ ဆေးလိပ်သောက်သုံးသူတွေအနေနဲ့ ဆေးလိပ်ဖြတ်ပြီး လပိုင်းအတွင်းမှာပင် နှလုံး သွေးကြောကျဉ်းရောဂါဖြစ်ပွားနိုင်ခြေ သိသိ သာသာလျော့နည်းသွားပါတယ်။
သွေးတွင်းဆီးချိုသွေးချိုရောဂါ မဖြစ် အောင်ကာကွယ်သင့်ပါတယ်။ ဆီးချိုသွေးချို ရောဂါရှိသူတွေဟာ နှလုံးသွေးကြောဖြစ်နိုင် ခြေပိုများပြီး အမျိုးသမီးတွေမှာ (၃-၇) ဆ ပို ဖြစ်နိုင်ခြေများကာ အမျိုးသားတွေမှာ(၂-၃)ဆ ပိုများပါတယ်။ အင်ဆူလင်ဟော်မုန်း မမှီခို ရတဲ့ ဆီးချိုသွေးချိုရောဂါရှင်တွေရဲ့ သေဆုံး မှုတစ်ဝက်လောက်က နှလုံးသွေးကြောကျဉ်း ရောဂါတွေကြောင့်လည်း ပညာရှင်တို့က ယုံ ကြည်ထားကြပါတယ်။ ဆီးချိုသွေးချိုမျိုးရိုး ရှိသူတွေမှာ နှလုံးသွေးကြောကျဉ်းရောဂါဖြစ် နိုင်ခြေများပါတယ်။
သွေးအတွင်း ကိုလက်စထရော လျှော့ချ သင့်ပါတယ်။ သွေးတွင်းကိုလက်စထရောများ တာက နှလုံးသွေးကြောတွေ ကျဉ်းစေလို့အဓိ ကတရားခံလို့ ဆိုနိုင်ပါတယ်။ သွေးတွင်းမှာ များနေတဲ့ ကိုလက်စထရောတွေက သွေး ကြောရဲ့ အတွင်းဘက်နံရံတွေမှာ စုပုံရာကနေ သွေးကြောကျဉ်းလာပြီး နှလုံးဆီကိုလိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရတွေ မရောက်ရှိ တော့ပါဘူး။ သွေးတွင်းကိုလက်စထရော စုစု ပေါင်းက ၂၀၀ မီလီဂရမ်ရာခိုင်နှုန်းအောက် လျော့နည်းနေပြီး မကောင်းတဲ့ ကိုလက်စထ ရော LDL-Low density Lipoprotein) ၁၃၀ မီလီဂရမ်ရာခိုင်နှုန်းအောက်နဲ့ ကောင်းတဲ့ ကိုလက်စထရော (HDL) ၃၅ မီလီဂရမ်ရာခိုင် နှုန်းအထက်မှာ ရှိပါတယ်။
အဆီလျှော့ပြီး အမျှင်ဓာတ် ပိုစားသုံး သင့်ပါတယ်။ ပြည့်ဝဆီစားသုံးမှုကိုလျှော့ချပြီး သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ကောက်နှံတစ်ခု လုံးပါ ပါဝင်စာနဲ့အမျှင်ဓာတ်တွေစားသုံးတာ က နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေလျော့ နည်းစေပါတယ်။ မကြာမီလေ့လာထားတဲ့ သုတေသနအရ ဗီတာမင်စီကြွယ်ဝတဲ့ ဟင်း သီးဟင်းရွက်၊ သစ်သီးစားသုံးတာက နှလုံး သွေးကြောကျဉ်းရောဂါမဖြစ်အောင် ကာ ကွယ်နိုင်တယ်လို့ တွေ့ရှိရပါတယ်။ ဟင်းသီး ဟင်းရွက်တွေစားသုံးပြီး နေထိုင်မှုပုံစံကိုပါပြောင်းလဲလိုက်မယ်ဆိုရင် နှလုံးသွေးကြော ကျဉ်းတာကို ကောင်းမွန်အောင်အထောက် အကူဖြစ်စေပါတယ်။
အဝမလွန်အောင် ထိန်းသိမ်းသင့်ပါ တယ်။ အမေရိကန်မှာ အဝလွန်တာနဲ့ လှုပ် ရှားမှုနည်းတဲ့ နေထိုင်မှုပုံစံက နှလုံးသွေး ကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်ခြေများစေပါ တယ်။ အမေရိကန်မှာ အမျိုးသားရောအမျိုး သမီးတွေပါ အဝလွန်တာ ပိုများလာပြီးနောင် ဆယ်စုနှစ်တွေမှာ သုံးယောက်မှာ တစ် ယောက်နှုန်း အဝလွန်နေကြပါတယ်။
လူတိုင်းခန္ဓာကိုယ်အချိုးအဆ (BMI)(၁၈ ဒသမ ၉-၂၄ ဒသမ ၉)အတွင်းရှိသင့်ပါ တယ်။ ဘီအမ်အိုင်ဆိုတာအလေးချိန်(ကီလို ဂရမ်)ကို အရပ်အမြင့်မီတာ (နှစ်ထပ်ကိန်း)နဲ့ စားလို့ရတဲ့ရလဒ်ဖြစ်လို့ ကိုယ်အလေးချိန် ထိန်းထားသင့်ပါတယ်။ ဝမ်းဗိုက်အဆီပိုများ နေသူတွေဟာ နှလုံးသွေးကြောကျဉ်းဖြစ်နိုင် ခြေကို များပြားစေပါတယ်။
ဖောလိတ်နဲ့ ဗီတာမင်ဘီစစ်ဖြည့်စွက် သောက်သုံးသင့်ပါတယ်။ ဟိုမိုစစ္စတင်း (Homocysteine)
ဓာတ်များပါက သွေးတွင်းကို လက်စထရောပမာဏ မြင့်မားစေပြီး နှလုံး သွေးကြောရောဂါ ဖြစ်ပွားနိုင်ခြေမြင့်မားစေပါတယ်။ ဖောလစ်အက်ဆစ် (folic acid) နဲ့ ဗီတာမင်ဘီစစ်က မြင့်မားနေတဲ့ ဟိုမိုစစ္စ တင်းပမာဏကို ပုံမှန်ဖြစ်အောင် ချပေးနိုင်ပါ တယ်။
လေ့ကျင့်ခန်း ပိုမိုပြုလုပ်သင့်ပါတယ်။ လူတို့ရဲ့နေထိုင်မှုပုံစံ၊ အထိုင်များလာကာ လေ့ကျင့်ခန်းလှုပ်ရှားမှု နည်းလာတာဟာ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်စေပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ၆၀ ရာခိုင်နှုန်း လောက်က ကိုယ်လက်လှုပ်ရှားမှုတွေမလုပ် ဆောင်ကြပါဘူး။ မကြာသေးမီက လေ့လာ မှုတစ်ရပ်အရ လေ့ကျင့်ခန်းတစ်ခုကိုနေ့စဉ် နာရီဝက်မှတစ်နာရီ ပုံမှန်ပြုလုပ်ပေးရင် ကိုယ် အလေးချိန်ပုံမှန်ဖြစ်အောင် ထိန်းသိမ်းထား သူတွေက ခန္ဓာကိုယ်ရဲ့အင်ဆူလင် (insulin)တုံ့ပြန်မှုကိုကောင်းမွန်စေကာ နှလုံးသွေး ကြောရောဂါတွေ ဖြစ်ပွားနိုင်ခြေလျှော့ချပေး ပါတယ်။
နှလုံးသွေးကြောတွေက နှလုံးဆီကိုသွေး တွေ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ပို့ဆောင်ပေးပါတယ်။ နှလုံးသွေးကြောကျန်း မာပါမှ နှလုံးကျန်းမာမယ်။ ကိုယ်ခန္ဓာလည်း ကျန်းမာမှာဖြစ်ပါတယ်။ သည်လိုထောက်ပံ့ ပေးနေတဲ့ သွေးကြောထဲမှာ အဆီတွေစုပုံလာ တဲ့အခါ သွေးကြောလေးတွေက နှလုံးဆီကို သွေးစီးဆင်းနိုင်မှု ကျဆင်းလာပါတယ်။ သည်လိုသွေးစီးဆင်းနိုင်မှု နည်းလာတဲ့အခါ ရင်ဘတ်အောင့်တာ၊ အသက်ရှူမွန်းကျပ်တာ၊ ပြတ်တောင်းပြတ်တောင်းရှူရတာမျိုး ခံစား ရနိုင်ပါတယ်။ အခုနောက်ပိုင်း အစားအ သောက် (ပြည့်ဝဆီများ) နဲ့ နေထိုင်မှုပုံစံအ ထိုင်များ၊ လေ့ကျင့်ခန်းနည်းပါးခြင်းကြောင့် သွေးတွင်းကိုလက်စထရော များရာကတစ် ဆင့် နှလုံးသွေးကြောကျဉ်းရောဂါက အဖြစ် များလာတာပဲ ဖြစ်ပါတယ်။ ဆယ်စုနှစ်ကြာထိပ်ဆုံးထိရောက်လာမယ့် လူကိုမကူးစက် နိုင်တဲ့၊ သေဆုံးမှုများတဲ့ ရောဂါတစ်မျိုးအဖြစ် ဆက်လက်ရှိနေဦးမှာပဲဖြစ်ပါတယ်။










