မျက်စိရေတိမ်ရောဂါ 

မျက်စိရေတိမ်ရောဂါ 
Published 9 July 2023
ဒေါက်တာလွင်သန့်

 မျက်စိရေတိမ်ဖြစ်တဲ့အခါမျက်လုံးထဲက(Hollow Cavity)ထဲမှာ ရေထုထည်များလာကာအမြင်အာရုံကြောကိုဖိပြီး ဖိအားများလာပါက အမြင်အာရုံကြောရဲ့လုပ်ဆောင်ချက်တဖြည်းဖြည်းချင်းကျဉ်းစေပါတယ်။

 ကြားလာရင်မျက်လုံးမြင်ကွင်းက အလယ်ကောင်မှာတင်ကျဉ်းကျဉ်းမမြင်ရတော့တဲ့အခြေအနေဖြစ်လာပါတယ်။ မျက်စိရေတိမ်ဖြစ်ပြီးနောက်ဖြစ်ပေါ်နိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးဖြစ်ပါတယ်။ နောက်ကျသွားတယ်ဆိုတာ ရောဂါမှန်းမသိဘဲ အချိန်ကြာသွားရင်မျက်စိအမြင်ဆုံးရှုံးတာဖြစ်နိုင်ပါတယ်။

မျက်စိရေတိမ်ဖြစ်တာကို အသိနောက်ကျတဲ့လူနာတွေအနေနဲ့ သူတို့အာရုံကြော ၉၀ ရာခိုင်နှုန်း ထိခိုက်ထားပြီး  ၁၀ ရာခိုင်နှုန်း ပဲကျန်တော့တယ်ဆိုရင်၁၀ ရာခိုင်နှုန်း အမြင်နဲ့လူတစ်ယောက်မြင်နေတာ၊ အလယ်ကောင်မှာပဲမြင်နေရတာမျိုးဖြစ်ပါတယ်။ လူတစ်ယောက်က မျက်လုံးမမြင်ရဘူးဆိုရင်ဘေးကိုလှည့်ကြည့်လို့ရတယ်ဆိုပြီး ထင်တတ်ကြပါတယ်။ ဒီတော့အဆိုပါခံစားမှုက ဘယ်လိုဆိုတာကိုပြောပြဖို့လူနာအနေနဲ့ရော၊ ဆရာဝန်အနေနဲ့ရောခက်ခဲပါတယ်။

အရမ်းခံစားမှုရှိသူဖြစ်တဲ့သူတွေမှာမှ သတိထားမိတာကြပါတယ်။

ရေတိမ်ကနောက်ကျတဲ့အခြေအနေမှ သိကြတာများပါတယ်။ မျက်စိတစ်ခုခုဖြစ်ရင်၊ လူအများစုက မျက်မှန်ပါဝါပဲ အဓိကစမ်းတတ်ကြပါတယ်။ မျက်စိမြင်ကွင်းကျဉ်းရင်ဘယ်လိုခံစားရမယ်ဆိုတာ ပြောပြဖို့ခက်လို့ လူနာတွေအနေနဲ ့နောက်ဆုံးအာရုံကြောထိခိုက်တဲ့အဆင့်မှရောက်လာတတ်ကြပါတယ်။

 ထောင့်ကျဉ်းရေတိမ်ဆိုတာမျက်လုံးထဲက (Hollow Cavity) ထဲမှာ ရေထုထည်များလာတဲ့အခါ မျက်စိအာရုံကြောကိုဖိပြီး ဖိအားများတော့အမြင်အာရုံကြောရဲ့လုပ်ဆောင်ချက်က တဖြည်းဖြည်းအားနည်းလာပါတယ်။ ဖိအားများလာတဲ့အခါ တဖြည်းဖြည်းချိုင့်တဲ့အခြေအနေဖြစ်လာပြီး မြင်ကွင်းကို တဖြည်းဖြည်းကျဉ်းလာစေပါတယ်။ ကြာလာတဲ့အခါမှာ မျက်လုံးမြင်ကွင်းက အလယ်ကောင်မှာပဲကျဉ်းကျဉ်းလေးမြင်ရတဲ့အခြေအနေဖြစ်လာပါတယ်။ ဒါကနောက်ဆက်တွဲဆိုးကျိုးဖြစ်ပါတယ်။

ရေတိမ်ရောဂါဖြစ်တဲ့လူနာတွေမှာ ဖြစ်နိုင်တဲ့ဝေဒနာက နီခြင်း၊ ကိုက်ခြင်း၊ မှုန်ခြင်းဆိုပြီးခံစားရတဲ့လူနာတွေအနေနဲ့ မျက်စိဆရာဝန်ဆီချက်ချင်းရောက်လာတတ်ပါတယ်။ သူတို့ကမခံနိုင်အောင်ကိုက်ခဲနေပြီး အကိုက်အခဲပျောက်ဆေးတွေသောက်သာတောင် မသက်သာတဲ့အတွက် မျက်စိဆရာဝန်ဆီရောက်လာပါတယ်။    အော့အန်ပြီးဖြစ်ခဲ့သူဆိုရင်အာရုံကြောဆရာဝန်ဆီရောက်ပါတယ်။ အာရုံကြောဆရာဝန်ကနေ မျက်စိဆရာဝန်ကို လွှဲပြောင်းပေးတာဖြစ်တဲ့အတွက်ချက်ချင်းရောက်လာနိုင်ပါတယ်။ မရောက်နိုင်တာက ဘာရောဂါမခံစားရဘဲ မျက်လုံးမှာ တစ်ခုခုခံစားနေရတဲ့လူနာအုပ်စုက ချက်ချင်းမရောက်ဘဲ မျက်စိမြင်ကွင်းလုံးဝကျဉ်းသွားတဲ့အခြေအနေရောက်မှသာ မျက်စိဆရာဝန်ဆီ ရောက်လာတတ်ပါတယ်။

  ထောင့်ကျဉ်းရေတိမ်ကို စမ်းသပ်နိုင်ပါတယ်။ ရေထွက်လမ်းကြောင်းမကောင်းလို ့ရေထုထည်များပြီး မျက်လုံးဖိအားများလို့ရေတိမ်ဖြစ်တာမျိုး ဆိုရင်မျက်လုံးရဲ့ရေဖိအားကို တိုင်းတာရပါတယ်။ ရေဖိအားတိုင်းကိရိယာနဲ့တိုင်းရတယ်။ နောက်မြင်ကွင်းကိုစမ်းရပါတယ်။    ရေထွက်လမ်းကြောင်းမကောင်းလို ့ရေထုထည်များပြီး မျက်လုံးဖိအားများလို ့ရေတိမ်ဖြစ်တာမျိုးဆိုရင်မျက်လုံးရဲ့ရေဖိအားကိုတိုင်းတာရပါတယ်။ မြင်ကွင်းကိုစမ်းရပါတယ်။ လူနာရဲ့မြင်ကွင်းက ဘယ်အခြမ်းမှာ ပျောက်နေပြီလဲဆိုတာပါ စမ်းရပါတယ်။ ပိုပြီးခေတ်မီလာတဲ့အခါ အိုစီတီနဲ့စမ်းသပ်ပြီး လူနာရဲ့မျက်စိအာရုံကြောကဘယ်လိုလဲ။ ရက်တီနယ်အာရုံကြောကဘယ်လိုဆိုတာ တိုင်းတာလို့ရတဲ့နောက်ပိုင်းစမ်းသပ်အိုစီတီ (OCT) စက်ရှိနေပါပြီ။

မျက်စိရေတိမ်ရောဂါကို ကုသခြင်းဟာ ခက်ခဲပါတယ်။ အချို့ကလွယ်ပါတယ်။ ရေထုထည်ဖိအားများလို့ဖြစ်တဲ့မျက်စိရေတိမ်ကိုဆေးပေးပြီး ရေထုဖိအားချနိုင်မယ်ဆိုရင်လူနာအနေနဲ့ကုသရလွယ်ကူပါတယ်။ ဆေးပေးပြီး မချနိုင်ရင်လူနာကိုကုသရတာ ခက်ခဲပါတယ်။    လူနာကိုဆေးပေးပြီးချတဲ့အဆင့်နဲ့အောင်မြင်သွားပြီဆိုရင်နောက်တစ်ချိန်ကဆေးဝါးနဲ့ကုသင့်ပါတယ်။ လေဆာနဲ့ကုမှာလား ဆုံးဖြတ်သင့်ပါတယ်။ ဆေးနဲ့ရေတိမ်ချပြီးချိန်မှာ နောက်ထပ်ကုသမှုအနေနဲ ့လေဆာနဲ့ပစ်ပြီး (ရေရှည်ထိန်းသိမ်းမှာလား။ ခွဲစိတ်မှာလား) ဆိုတာမျိုးရှိတယ်။ ခွဲစိတ်ကုသရာမှာထပ်တလဲလဲပြန်ဖြစ်တတ်တာမျိုးလည်းရှိပါတယ်။ အဆင့်ဆင့်ခွဲစိတ်လာရတဲ့အတွက်နောက်ပိုင်းမှာ ပြင်ပအရည်ထွက်စေခြင်းထည့်ပြီး ကုသပေးရပါတယ်။ အရင်ကဆိုရင်စင်ကာပူတို့တိုင်းတို့လိုမှာ သွားကုကြရပေမဲ့ ရန်ကုန်မျက်စိဆေးရုံကြီးမှာလည်း ကုသနိုင်ပါတယ်။

 မျက်စိရေတိမ်ရောဂါအတွက်ခံစားနေရသူတွေအနေနဲ့အမြင်အာရုံကြောကိုထိသွားပြီဆိုရင်ကုသလို့မရနိုင်တဲ့အခြေအနေကိုဖြစ်နိုင်တဲ့အတွက်စောစောသိဖို့လိုပါတယ်။    ရောဂါခံစားနေရတဲ့အုပ်စုနှစ်စုမှာ နီတာ၊ ကိုက်တာ၊ မှုန်တာမျိုး ခံစားနေရလို့ မျက်စိဆရာဝန်ဆီချက်ချင်းရောက်တဲ့အုပ်စုလိုပဲ မျက်လုံးမှာဘာဖြစ်မှန်းမသိဘူးလို့ခံစားနေရတဲ့လူနာတွေအနေနဲ့လည်း ပေါ့ဆမနေဘဲ မျက်စိဆရာဝန်ဆီ အမြန်ဆုံးပြသပြီး မျက်လုံးစစ်ဆေးမှုပြုသင့်ပါတယ်။

မျက်မှန်တစ်ကြိမ်လုပ်ပြီး တစ်လလောက်ကြာတဲ့အချိန်မှာ မျက်လုံးကအရင်အတိုင်းပဲဘာဖြစ်မှန်းမသိဘူးဆိုရင်မျက်စိစမ်းမနေဘဲ မျက်စိအထူးကုဆရာဝန်နဲ့အမြန်ဆုံးပြသပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။

    

မျက်စိမှာဖြစ်ပေါ်တတ်တဲ့ရောဂါများသိရှိဖို့ မျက်စိဖွဲ့စည်းတည်ဆောက်ပုံကိုသိရှိဖို့လိုပါတယ်။မျက်စိဟာအပြင်မှစကယ်လာ(sclera)ခေါ်တဲ့အမာခံအခွံပိုင်းနဲ့အတွင်းမှာကော်ရွိုက်ခေါ်သွေးကြောလွှာတွေရှိကာမြင်လွှာခေါ်တဲ့မျက်စိအာရုံခံစားလွှာရှိတယ်။အဆိုပါအလွှာ သုံးခုဟာတစ်ခုနဲ့တစ်ခုကပ်လျက်တည်ရှိပါတယ်။အဆိုပါသုံးခုရဲ့အတွင်းပိုင်းမှာဗစ်ထရပ်(vitreous)ဆိုတဲ့ဂျယ်လီလိုပျစ်ချွဲတဲ့အရည်ကြည်ရှိကာမျက်စိတစ်ခုလုံးရဲ့သုံးတဲ့သဏ္ဍာန်ကိုကအထောက်ကူပြုထားခြင်းဖြစ်ပါတယ်။

 မျက်စိကိုရှေ့တည့်တည့်မှကြည့်လိုက်ရင်မျက်နက်ပိုင်းနဲ့အဖြူပိုင်းနှစ်မျိုးမြင်ရတတ်ပါတယ်။ဝိုင်းစက်နေတဲ့မျက်နက်ပိုင်း (Iris) ဟာမျက်ကြည်လွှာပိုင်းဖြစ်ပြီးအဖြူပိုင်းမှာ စကယ်လာဖြစ်ပါတယ်။ မျက်ကြည်လွှာဟာ မှန်ပြင်လိုပကတိကြည်လင်နေပါတယ်။ အနက်ရောင်ဖြစ်ရတာကအောက်မှာရှိတဲ့မျက်နက်စကြောင့်ဖြစ်တယ်။အဆိုပါမျက်နက်စအောက်မှာမျက်စိရဲ့မှန်ဘီလူးရှိပါတယ်။

မျက်မှေးလွှာဟာ မျက်စိရဲ့အရှေ့ပိုင်းမှမြင်နေရတဲ့စကယ်လာကိုလွှမ်းခြဲုထားတဲ့မျက်ကြည်လွှာနဲ့စကယ်လာစပ်ကြားမှာအဆုံးသတ်နေပါတယ်။   မျက်နက်ရဲ့အလယ်မှ ဓာတ်မီးထိုးကြည့်တဲ့အခါကျယ်လိုက်ကျဉ်းလိုက်မြင်တွေ့ရတာဟာ မျက်လုံးသူငယ်အိမ်ဖြစ်ပါတယ်။ မျက်လုံးသူငယ်အိမ်ဟာ မျက်စိတစ်ခုအတွက်အလင်းရောင်ဖြစ်နိုင်ဖို့နဲ့ ဆရာဝန်များအတွက်မျက်စိရောဂါကို ခန့်မှန်းလေ့လာဖို့အတွက်ပါ အရေးပါပါတယ်။

လူတစ်ယောက်ဟာ အလင်းရောင်ကို အလင်းရောင်လို့မြင်တွေ့ခံစားနိုင်ဖို့ သို့မဟုတ် ပစ္စည်းတစ်ခုဘာပစ္စည်းလဲမြင်သိနိုင်ဖို့ အလင်းတန်းဟာ ပထမမျက်ကြည်လွှာ၊ ယင်းမှမျက်စိရဲ့အရှေ့ခန်း၊ ယင်းမှမျက်စိသူငယ်အိမ်၊ မျက်စိသူငယ်အိမ်မှမျက်စိမျက်မှန်ဘီလူး၊မှန်ဘီလူးမှ ဗစ်ထရပ်၊ ဗစ်ထရပ်မှအာရုံခံစားလွှာ၊ မျက်စိအာရုံခံစားလွှာမှ မျက်စိအာရုံကြော၊ ယင်းမှဦးနှောက်ကိုရရှိဖို့ လိုအပ်နေသေးပါတယ်။ အလင်းတန်းသွားရာလမ်းတစ်လျှောက်မှာ ပိတ်ဆို့မှုတစ်ခုခုရှိရင်အလင်းရောင်ကိုအလင်းရောင်လို့မြင်နိုင်စွမ်းတတ်နိုင်မှာမဟုတ်ပါဘူး။ ဒါဟာမျက်စိကွယ်ခြင်းရဲ့ပင်မအကြောင်းရင်းဖြစ်ပါတယ်။ မျက်စိရေတိမ်ရောဂါကိုကြိုတင်ကုသမှုခံယူသင့်ပါတယ်။  

Most Read

Most Recent