Facebook ၏ မိခင်ကုမ္ပဏီ မက်တာက ဇူလိုင် ၅ ရက်တွင် တွစ်တာ ကိုယှဉ်ပြိုင်လာမည့် THREADS ဆိုသည့် ဆိုရှယ်မီဒီယာ အက်ပလီကေးရှင်းတစ်ခုကို တရားဝင်မိတ်ဆက်လိုက်သည်။ ထိုပလက်ဖောင်း ထွက်လာမည့် အ ကြောင်းကို လွန်ခဲ့သည့်သုံးလကတည်းက ကြိုကြေညာထားပြီးဖြစ်ပြီး မက်တာစီအီးအို မာ့ခ်ဇူကာဘတ် အဆိုအရ ဇူလိုင် ၆ ရက်မွန်း လွဲမတိုင်မီမှာပင် THREADS ကို sign up လုပ်သူ သန်း ၃၀ အထိရှိခဲ့သည်။
THREADS ကို ဦးဆုံးရောက်လာသည့် အနုပညာရှင်များထဲတွင် အော်ပရာဝင်းဖရေး၊ အဆိုတော်ရှကီရာ၊ နာမည်ကျော်ဗြိတိန်စားဖိုမှူး ဂေါ်ဒန်ရမ်ဆီတို့လည်း ပါဝင်လာပြီး Taco Bell , Netflix , Spotify ၊ ၀ါရှင်တန်ပို့စ် နှင့် အခြားသတင်းမီဒီယာများ အပါအဝင် လုပ်ငန်းပိုင်းအကောင့်များလည်း ပါဝင်လာ ကြသည်။
အီလွန်မတ်စ်၏ အပြောင်းအလဲသစ်များနှင့် တွစ်တာပလက်ဖောင်းကို စိတ်ပျက်လာသူအများစုအတွက် THREADS က ချိန်ကိုက် ပေါ်ထွက်လာခြင်းလည် းဖြစ်သည်။ တစ်နေ့ကို ပို့စ်အရေအတွက် မည်မျှသာ ဖတ်ရှုနိုင်မည် ဆိုသည့် ယာယီကန့်သတ်ချက်သစ်ကြောင့် လက်တလောတွင် တွစ်တာအသုံးပြုသူများ ဒေါသဖြစ်နေကြသည်။ အခကြေးငွေဖြင့် အပြာရောင် အမှန်ခြစ်ရထားသည့် တွစ်တာ အကောင့်စစ်များက တစ်နေ့ကို ပို့စ် ၈,၀၀၀ အထိ မြင်ရမည်ဖြစ်ပြီး အတည်ပြုမခံထားရ သည့် အကောင့်များက တစ်နေ့ကို ပို့စ် ၈၀၀ သာမြင်ရမည်ဖြစ်သည်။ သို့သော် THREADS တွင်လည်း ကိုယ်ရေးလုံခြုံမှုအချက်အလက် ဆိုင်ရာ စိုးရိမ်စရာများ ရှိနေပြန်သည်။
■ THREADS ဆိုတာဘာလဲ
THREADS ဆိုသည်မှာ FACEBOOK ၊ အင်စတာဂရမ် ၊ whats up တို့၏ မိခင်ကုမ္ပဏီမှ တီထွင်လိုက်သည့် အက်ပလီကေးရှင်းသစ်တစ်ခု၊ ပလက်ဖောင်းသစ်တစ်ခုဖြစ်သည်။ အဓိကအားဖြင့် စာကိုအခြေခံသည့် ပို့စ်များ အတွက်ရည်ရွယ်သည့် နေရာဖြစ်ပြီး တွစ်တာ နှင့်အတော်လေး ပုံစံတူသည်။
တွစ်တာတွင် စာလုံးရေ ၂၈၀ သတ်မှတ်ထားသော်လည်း THREADS တွင် စာလုံးရေ ၅၀၀ အထိ ခွင့်ပြုထားကာ link များ၊ ဓာတ်ပုံများ ၊ ကြာချိန်ငါးမိနစ်အထိ ရှိသည့် ဗီဒီယိုများလည်း တင်နိုင်သည်။ စာပြန်ခြင်း၊ ပို့စ်ကို ပြန်တင်ခြင်းများကလည်း တွစ်တာအတိုင်းပင်ဖြစ်သည်။ THREADS အကောင့်ကို public ဖြစ်စေ၊ private ဖြစ်စေထားနိုင်ပြီး အင်စတာ ဂရမ်နှင့် မောင်နှမသဖွယ်ဖြစ်သည့်အတွက် မှန်ကန်ကြောင်း အတည်ပြုခံထားရသည့် အင်စတာဂရမ်အကောင့်များက THREADS တွင်လည်း အလိုလို အတည်ပြု ခံထားရပြီးဖြစ်သည်။
■ ဘယ်လိုသုံးမလဲ
လက်ရှိ THREADS ကို apple နှင့် ဂူဂဲလ် အန်းဒရွိုက် အက်ပလီကေးရှင်းစတိုးများတွင် ဒေါင်းလုပ် ဆွဲယူနိုင်သည်။ အင်စတာဂရမ် အဖွဲ့ကပင် တီထွင်ထားခြင်းဖြစ်သည့်အတွက် အင်စတာဂရမ်အသုံးပြုသူများက အင်စတာ ဂရမ်အကောင့်မှတစ်ဆင့် THREADS ကို လော့အင်ဝင်နိုင်သည်။ ပရိုဖိုင်တွင်လည်း အချက်များ (ဥပမာ-အင်စတာဂရမ်တွင် မိမိ ဖော်လို လုပ်ထားသူများကို THREADS တွင်ဖော်လို လုပ်၊ မလုပ်) ကို စိတ်ကြိုက်ရွေးခွင့်ပေးထား သည်။
အကောင့်ဖျက်လိုလျှင် THREADS နှင့် အင်စတာဂရမ် အလွန်ဆက်နွှယ်နေသည်ကို သတိပြုရမည်။ ပရိုဖိုင်ကို အချိန်မရွေး deactivate လုပ်နိုင်သော်လည်း အင်စတာဂရမ် အကောင့်ကို ဖျက်လိုက်မှသာ THREADS ပရို ဖိုင်လည်း ပျက်သွားမည်ဖြစ်သည်။
■ အင်စတာဂရမ်အကောင့် မရှိခဲ့ရင်ရော Threads သုံးလို့ရမလား
လက်ရှိတွင် အင်စတာဂရမ်သုံးသူများ သာ THREADS အကောင့် ဖန်တီးနိုင်မည်။ THREADS အသုံးပြုလိုပါက အင်စတာဂရမ်ကို အရင်ဆုံး sign က စပြုလုပ်ရန်လိုသည်။
အင်စတာဂရမ်အသုံးပြုသူများက သူတို့ ၏ဖော်လိုဝါများ THREADS အသုံးပြုပြီဆိုသည့် အကြောင်းကြားမှုကိုရကြပြီး ထိုမှ SIGN UP ပြုလုပ်သူ တစ်စတစ်စ များလာခဲ့သည်။ထို့ ကြောင့်လည်း တရားဝင်ထွက်လာသည့် အချိန်မှ ခုနစ်နာရီအတွင်း THREADS ကို SIGN UP ပြုလုပ်သူ ၁၀ သန်းကျော်အထိ ရှိခဲ့ခြင်း ဖြစ်သည်။
■ တွစ်တာက မက်တာကို တရားဥပဒေလမ်းကြောင်းပေါ် ကနေ ရင်ဆိုင်မှာလား
THREADS ကိစ္စနှင့်ပတ်သက်ပြီး မက်တာ ကို ဥပဒေကြောင်းလမ်းဖြင့် အရေးယူမည်ဟု တွစ်တာက စာပို့ခြိမ်းခြောက်ထားသည်ဆို သည့် သတင်းထွက်ရှိလာပြီး မက်တာစီအီးအို ဇူကာဘတ်ထံ ဇူလိုင် ၅ ရက်နေ့စွဲဖြင့် လိပ်မူပေးပို့လိုက်သည့် ထိုစာထဲတွင် တွစ်တာ ကိုယ်စားပြုရှေ့နေ အဲလက်စ်စပီရိုက မက် တာကုမ္ပဏီသည် တွစ်တာဝန်ထမ်းဟောင်း များကိုငှားရမ်းကာ တွစ်တာ၏လုပ်ငန်းဆိုင် ရာ လျှို့ဝှက်ချက်များနှင့် အခြားမူပိုင်ခွင့် များကို တရားမဝင်အသုံးချလျက် “COPY CAT ” အက်ပလီကေးရှင်းတစ်ခုကို ဖန်တီးထားခြင်း ဖြစ်သည်ဟု စွပ်စွဲဖော်ပြထားသည်။
မက်တာဘက်ကမူ ထိုသတင်းနှင့်ပတ် သက်ပြီး နောက်တစ်နေ့တွင်တုံ့ပြန်ချက်ထွက် လာခဲ့ပြီး THREADS အဖွဲ့တွင် တွစ်တာဝန်ထမ်း ဟောင်း တစ်ဦးတစ်လေမျှ မပါဟု မက်တာပြောရေးဆိုခွင့်ရှိသူ အန်ဒီစတုန်းက ကြေညာ ခဲ့သည်။
အီလွန်မတ်စ်က ၎င်းတို့ဘက်မှ ဥပဒေကြောင်းဖြင့် ရင်ဆိုင်နိုင်ခြေရှိကြောင်း တွစ် တာတွင် တိုက်ရိုက်ဖော်ပြခဲ့ခြင်းမရှိသော် လည်း THREADS က အဓိကအားဖြင့် ကော်ပီ လုပ်ထားသည့် အက်ပလီကေးရှင်းတစ်ခု သာဖြစ်သည်ဆိုသည့် တွစ်တာပို့စ်တစ်ခု အောက်တွင် မတ်စ်က ရယ်နေသည့်အီမိုဂျီ တစ်ခုကို ဝင်ပေးခဲ့သည်။
အက်ပလီကေးရှင်းနှစ်ခုအကြား များစွာသောတူညီနေမှုများက တွစ်တာကို မက်တာ ကုမ္ပဏီက တိုက်ရိုက်စိန်ခေါ်နေသည့်သဘော ကိုပြနေသည်။ ပိုင်ရှင်အပြောင်းအလဲဖြစ်မှုမှ သည် ပေါ်လစီသစ်များဖြစ်လာသည့်အတွက် အသုံးပြုသူများ၊ ကြော်ငြာရှင်များက တွစ်တာ ကို စိတ်ကုန်လာကြပြီး အစားထိုး ပလက်ဖောင်းတစ်ခုကို မျှော်လင့်လာကြသည်။
THREADS သည် Bluesky ? Mastodon နှင့် spill တို့ပြီးလျှင် တွစ်တာကို ယှဉ်ပြိုင်လာသည့် နောက်ဆုံးပြိုင်ဘက်ဖြစ်လာသည်။
■ အချက်အလက်စုဆောင်းမှု
မက်တာအဆိုအရ THREADS သည် အင်စတာဂရမ်တွင်သုံးထားသည့် ဘေးကင်းမှုအစီ အမံများကိုသာ သုံးထားသည်။ကျန်းမာရေး၊ အဆက်အသွယ်၊ ရှာဖွေကြည့်ရှုထားသည့် အကြောင်းအရာများ၊ တည်နေရာ၊ စျေးဝယ် ထားမှုများ အပါအဝင် ကိုယ်ရေးအချက်အ လက်များကို စုဆောင်းထားမည်ဟု app store ရှိ ဒေတာလုံခြုံမှုဆိုင်ရာ ထုတ်ဖော်ချက် တွင် ဖော်ပြထားသည်။
■ ဘယ်တွေမှာ အသုံးပြုလို့ရပြီလဲ
THREADS ကို နိုင်ငံပေါင်း ၁၀၀ တွင် ios နှင့် android တို့၌ ဘာသာစကားပေါင်း ၃၀ ကျော်ဖြင့် အသုံးပြုနိုင်ပြီဖြစ်သည်။သို့ သော် တင်းကျပ်သည့် ဒေတာလုံခြုံမှုစည်း မျဉ်းများကြောင့် ဥရောပနိုင်ငံများတွင်မူ အသုံးမပြုနိုင်သေးပေ။
THREADS ၏အောင်မြင်မှုကို အာမခံရန် အချိန်စောသေးသော်လည်း အီလွန်မတ်စ်နှင့် တွစ်တာအတွက်မူ သေချာပေါက် ခေါင်းကိုက်စေမည့်ကိစ္စဖြစ်နေမည်မှာ သံသယဖြစ်စရာ မလိုပေ။ တွစ်တာထက်လည်း မက်တာက ခြေတစ်လှမ်း ပိုသာနေသည့် အချက်တစ်ခု ရှိနေသေးသည်။ ထိုအရာက လက်ရှိအသုံး ပြုသူအရေအတွက် အင်အားပင်ဖြစ်သည်။ မက်တာက THREADS ဖြင့် ကမ္ဘာတစ်ဝန်း အင် စတာဂရမ်အသုံးပြုသူ နှစ်ဘီလျံကျော်ထဲမှ အချို့ကို ဆွဲခေါ်ရန် မျှော်လင့်နေသည်။
တွစ်တာစီအီးအိုသစ် လင်ဒါယက်ကာ ရီနိုက ပြိုင်ဘက်အက်ပလီကေးရှင်းထွက် လာသည့်အပေါ် တွစ်တာတွင် ပို့စ်တင်ထားပြီး တွစ်တာကို အစားထိုးနိုင်မည့်အရာမရှိကြောင်း၊ မကြာခဏလည်း အတုခိုးခံရသည့် တိုင် တွစ်တာကို ပွားနိုင်လိမ့်မည်မဟုတ် ကြောင်း ရေးသားထားသည်။
သို့သော် မက်တာအနေဖြင့်လည်း တွစ် တာကို အသုံးပြုသူများ စိတ်ပျက်လာသည့် အကြောင်းတရားများဖြစ်သည့် သတင်း အမှားများပျံ့မှု၊ တိုက်ခိုက်ထိုးနှက်ပြောမှု စသည့်ပြဿနာရပ်များကို တားဆီးနိုင်ရန် ကြိုးစားရလိမ့်မည်။
၂၀၂၄ အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကမ်ပိန်းရာသီကလည်း အရှိန်ရလာပြီ ဖြစ်သည့်အတွက် သတင်းအမှားများ အန္တ ရာယ်ကို ကျွမ်းကျင်သူများက သတိပေးနေကြ ပြီဖြစ်သည်။
■ Ref: AP & CNN
---------










