ရေးမြို့နယ် ကျောက်မိချောင်း (တောင်) ကျေးရွာအနီးရှိ MYTEL ဖုန်းတာဝါတိုင် မီးရှို့ဖျက်ဆီးခံရ

ရေးမြို့နယ် ကျောက်မိချောင်း (တောင်) ကျေးရွာအနီးရှိ MYTEL ဖုန်းတာဝါတိုင် မီးရှို့ဖျက်ဆီးခံရ
Published 6 April 2023
ဘိုဘိုမြင့်

မွန်ပြည်နယ် ရေးမြို့နယ် ကျောက်မိ‌ ချောင်း (တောင်) ကျေးရွာအနီးရှိ MYTEL ဖုန်းတာဝါတိုင်မှာ ဧပြီလ ၄ ရက် မွန်းတည့် ၁၂ နာရီအချိန်ခန့်က မီးရှို့ဖျက်ဆီးခံခဲ့ရ ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရသည်။

ထိုသို့ မီးရှို့ဖျက်ဆီးခံရသည့်အတွက် တာဝါတိုင်အောက်ခြေရှိ မီးစက်တစ်လုံး နှင့် ဆက်သွယ်ရေးဝိုင်ယာကြိုးများ မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

“ ဧပြီလ ၄ ရက် မွန်းတည့် ၁၂ နာရီ အချိန်လောက်မှာ MYTEL ဖုန်းတွေ ဖုန်းခေါ် လို့ မရတော့ဘူး။ နောက်မှ ကျောက်မိချောင်း (တောင်) ကျေးရွာအနီးက MYTEL ဖုန်းတာဝါ တိုင် အောက်ခြေမှာ မီးရှို့ခံရတယ်ဆိုတာ သိရတာ။ သက်ဆိုင်ရာကတော့ အားချင်းပြင် နေတာတော့ တွေ့ရတယ်” ဟု ဒေသခံတစ်ဦး က ပြောကြားသည်။

ရေးမြို့နယ်အတွင်းရှိ MYTEL ဖုန်းတာဝါ တိုင်များ မကြာခဏ မိုင်းခွဲခံရခြင်း နှင့် မီးရှို့ ခံရခြင်းများ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၁ ရက် နံနက်ပိုင်းက လည်း မွန်ပြည်နယ် သထုံမြို့နယ်၊ ဆူးအင်း ကျေးရွာအနီးရှိ MYTEL ဖုန်းတာဝါတိုင်မှာ လည်း မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့်အပြင် ပြီး ခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်ကလည်း မွန် ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ စခန်းကြီးကျေး ရွာအနီးရှိ MYTEL ဖုန်းတာဝါတိုင်မှာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး တာဝါတိုင်အောက်ခြေရှိ မီးစက်နှင့် ဆက်သွယ်ရေးစက်ပစ္စည်းများ မီး လောင်ပျက်စီးခဲ့ကြောင်း သိရသည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း မွန်ပြည်နယ်အတွင်းရှိ MYTEL ဖုန်းတာဝါတိုင် ၁၇ တိုင်ထက်မနည်း ဖျက် ဆီးခံခဲ့ရသည့်အပြင် မော်လမြိုင်မြို့၊ သထုံ မြို့နှင့် ရေးမြို့များရှိ MYTEL Showroom များ တွင်လည်း မိုင်းပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ သည့်အတွက် လူထိခိုက်သေဆုံး၊ ဒဏ်ရာရရှိ ခဲ့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

(မော်လမြိုင်)

Most Read

Most Recent