Juvenile Justice သည် Season 2 ထွက်ရှိလာမည်မဟုတ်ဟုဆို

Juvenile Justice သည် Season 2 ထွက်ရှိလာမည်မဟုတ်ဟုဆို
Photo: Allkpop
Photo: Allkpop
Published 28 January 2023

နာမည်ကျော် ကိုရီးယားဒရာမာဇာတ်လမ်းဖြစ်သည့် Juvenile Justice သည် Season 2 ထွက်ရှိလာမည်မဟုတ်ဟု ထွက်ပေါ် လာသည့်သတင်းအပေါ် ပရိသတ်များက စိတ်ပျက်လျက်ရှိသည်။

Netflix ၏ မူလဇာတ်လမ်းတွဲ Juvenile Justice ၏ Season 2 ထုတ်လုပ်မှုကို ရပ်ဆိုင်းမည်ဟု အတည်ပြုကြောင်း ဇန်နဝါရီ ၂၇ ရက်တွင် Star News သတင်း၌ ဖော်ပြထားသည်။

ယင်းဇာတ်လမ်းတွဲတွင် အသက်မပြည့်သေးသည့် လူငယ်များကျူးလွန်သည့်ပြစ်မှုကို စီရင်ချက်ချပေးရသည့် ကိုရီးယားနိုင်ငံ လူငယ်တရားရုံးအကြောင်း ရိုက်ကူးထားသည့်ဇာတ်လမ်းဖြစ်သည်။

ယင်းဇာတ်လမ်းတွဲသည် စတင်ထွက်ရှိသည့် ဖေဖော်ဝါရီလတွင် Netflix ၏ အင်္ဂလိပ်ရုပ်သံဇာတ်လမ်းမဟုတ်သောအမျိုးအစား၌ နံပါတ် ၁ နေရာတွင် ရပ်တည်ခဲ့ပြီး လူကြိုက်များခဲ့သည်။ ထို့ကြောင့် Season 2 ထွက်ရှိလာရန် လူအများအပြား မျှော်မှန်း ထားသော်လည်း Season 2 ထွက်ရှိမှုကို ဖျက်သိမ်းလိုက်သည်ဟု ထုတ်ပြန်ထားသည်။

Most Read

Most Recent