Photo - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းဒေသကြီးကော်မတီရုံး)
မန္တလေးမြို့၊ အမရပူရမြို့နယ်တွင် အိမ်တွင်းသို့ဝင်ရောက်ပြီး အသက်၆ဝအရွယ် အမျိုးသမီးအားအနုကြမ်းစီးသတ်ဖြတ်ကာ ရွှေယူဆောင်သွားမှု ဒီဇင်ဘာလ၂၂ရက် ည၈နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အမရပူရမြို့ နယ်၊ဝက်ကုန်းရပ်ကွက်ရှိ နေအိမ်တစ်လုံး၌ အသက်၆ဝခန့်ရှိ အမျိုးသမီးတစ်ဦးတည်းရှိနေစဉ် သတ်ခံခဲ့ရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းသိရသည်။
" အမရပူရမြို့ နယ်၊ဝက်ကုန်းရပ်ကွက်ရှိ နေအိမ်တစ်လုံး၌ အ သက်၆ဝခန့်ရှိ အမျိုးသမီးကြီးတစ်ဦး သတိလစ်နေကြောင်း သတင်းအရ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းဒေသကြီးကော်မတီရုံး)မှ ကူညီရန်သွားရောက်ခဲ့သည်"ဟု လူမှုကယ်ဆယ်ရေးအဖွဲ့၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားခဲ့သည်ကိုလည်း တွေ့ရသည်။
ထို့ပြင် သေဆုံးသူ၏လည်ပင်းတွင် ဆွဲထားသည့် အလေးချိန် ၄ ကျပ်သားခန့်ရှိ ရွှေဆွဲကြိုးတစ်ကုံးမှာလည်း ပျောက်ဆုံးနေသည်ဟု သိရသည်။