Batman အသံသရုပ်ဆောင် ကီဗင်ကွန်ရိုင်း အသက် ၆၆ နှစ်အရွယ်တွင် ကွယ်လွန်

Batman အသံသရုပ်ဆောင် ကီဗင်ကွန်ရိုင်း အသက် ၆၆ နှစ်အရွယ်တွင် ကွယ်လွန်
Photo: Getty Images
Photo: Getty Images
Published 12 November 2022

Batman ဇာတ်ကောင်အတွက် နောက်ခံအသံသရုပ်ဆောင်အဖြစ် လူသိများထင်ရှားသည့် ကီဗင်ကွန်ရိုင်း အသက် ၆၆ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်ဟု သိရသည်။

သူသည် လွန်ခဲ့သည့် နှစ် ၃၀ ခန့်က Batman: The Animated Seris တွင် ဘရုစ်ဝိန်းဇာတ်ကောင်နေရာမှ ပထမဆုံး အသံသရုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ရုပ်သံဇာတ်လမ်းတွဲများ၊ နောက်ခံစကားပြောရုပ်ရှင်များနှင့် ဗီဒီယိုဂိမ်းများတွင် နောက်ခံ စကားပြောအဖြစ် ပါဝင်ခဲ့သည်။

သူသည် Arkham Knight နှင့် Arkham City စသည့် ဗီဒီယိုဂိမ်းများတွင် စူပါဟီးရိုးဇာတ်ကောင်နေရာမှ အသံသရုပ်ဆောင် ခဲ့သည့်အပြင် ၂၀၁၉ ခုနှစ်တွင် ထွက်ရှိသည့် Batwoman ရုပ်သံဇာတ်လမ်းတွဲတွင်လည်း အသံသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။

“အသံသရုပ်ဆောင် အသိုင်းအဝိုင်းအတွက် လူတော်တွေထဲက တစ်ယောက်ကို ဆုံးရှုံးခဲ့ရပါတယ်။ ကျွန်တော် ကွန်ရိုင်းနဲ့ ၂၅ နှစ် ကျော်ကြာ အလုပ်တွဲလုပ်ခဲ့ပြီး အခုချိန်မှာ တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်” ဟု ၎င်း၏အေးဂျင့် စတီဗင်နိုင်းဘတ်က ပြောကြားခဲ့သည်။

Most Read

Most Recent