မက္ကဆီကိုအသင်း၏ ၀ါရင့်တိုက်စစ်ကစားသမားတစ်ဦးဖြစ်သော ချီချာရီတိုဟာနန်ဒက်ဇ်သည် ၂၀၂၂ ကမ္ဘာ့ဖလားလူ စာရင်းတွင် ပါဝင်ခြင်းမရှိကြောင်း သိရသည်။
မက္ကဆီကိုအသင်း၏ နည်းပြ မာတီနိုသည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အကြို(၃၁)ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာ ဟာနန်ဒက်ဇ်နှင့် ကားလို့စ်ဗယ်လာတို့ ပါဝင်ခြင်းမရှိခဲ့ပေ။
မာတီနိုသည် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် နောက်ဆုံးလူစာရင်းကို ယခုစာရင်းထဲမှသာ လျှော့ချသွားမည်ဖြစ်သောကြောင့် ဟာနန်ဒက်ဇ်နှင့် ကားလို့စ်ဗယ်လာတို့၏ ကမ္ဘာ့ဖလားအိပ်မက် အဆုံးသတ်သွားပြီဖြစ်ကြောင်း သိရသည်။