■ ပြီးခဲ့သည့်နွေတွင် ပေါင်သန်း (၁၇၀) ကျော် အသုံးပြုထားသော်လည်း အဓိကဆုဖလားများကို စိန်ခေါ်ရန် လူသစ်ထပ်ခေါ်ရမည်ဟု ကွန်တီ ဝန်ခံ

■ ပြီးခဲ့သည့်နွေတွင် ပေါင်သန်း (၁၇၀) ကျော် အသုံးပြုထားသော်လည်း အဓိကဆုဖလားများကို စိန်ခေါ်ရန် လူသစ်ထပ်ခေါ်ရမည်ဟု ကွန်တီ ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 7 October 2022

စပါးနည်းပြ ကွန်တီက မိမိတို့ အသင်းအနေဖြင့် အဓိကဆုဖလားများကို စိန်ခေါ် နိုင်ရန်အတွက် ကစားသမားသစ်များ ထပ်မံခေါ်ယူရမည် ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

    

စပါးအသင်းသည် ချန်ပီယံလိဂ်အုပ်စု (D) တွင် (၃) ပွဲကစားပြီး (၁)ပွဲနိုင်၊ (၁) ပွဲသရေ၊ (၁) ပွဲရှုံး၊ ရမှတ် (၄)မှတ်ဖြင့် အဆင့် (၂) နေရာ ရပ်တည်လျက်ရှိသည်။ 

စပါးအသင်းအနေဖြင့် အဆင့် (၁)မှ စပို့တင်းလစ္စဘွန်း (၆ မှတ်)နှင့် (၂)မှတ် ကွာဟပြီး အဆင့်(၃)မှ ဖရန့်ဖတ်နှင့် ရမှတ်တူနေကာ အဆင့် (၄)မှ မာဆေးလ်မှာလည်း (၃)မှတ်ရထားသည်။ ထို့ကြောင့် စပါးအသင်းအနေဖြင့် အုပ်စုအဆင့်မှ တက်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။ 

    

စပါးအသင်းသည် ပြီးခဲ့သည့်နွေရာသီက ရစ်ချာလီဆန်၊ ဘစ်ဆူမားတို့ အပါအဝင် ကစားသမားသစ် (၇)ဦး ကို ပေါင်သန်း (၁၇၀) အသုံးပြုခေါ်ယူခဲ့သော်လည်း ဖရန့်ဖတ်နှင့်ပွဲအပြီးတွင် ကွန်တီက ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

"ပြီးခဲ့တဲ့နှစ်က ပြိုင် ပွဲတစ်ခုပဲ ကစားခဲ့ရတယ်။ ကျွန်တော် တို့အနေနဲ့ ချန်ပီယံလိဂ်မှာ ယှဉ်ပြိုင်နိုင်ဖို့ အသင်းကို တည်ဆောက်ရဦးမှာ ပါ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ပိုကောင်းတဲ့အသင်းဖြစ်ဖို့ ကစားသမားသစ်တွေ ထပ်ဝယ်ဖို့လိုပါတယ်"ဟု ကွန်တီက ပြောကြားခဲ့သည်။ 

    

ထို့ပြင် ကွန်တီက ဖရန့်ဖတ်နှင့် ပွဲတွင် ဂိုးမသွင်းနိုင်ခဲ့သည့် တိုက်စစ်ပိုင်းအနေဖြင့် ယခုထက်ပိုပြီး အဆုံးသတ်သေချာရန်လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။ 

Most Read

Most Recent