မန်ချက်စတာဒါဘီမှ သင်ခန်းစာအတွက် ဂွါဒီယိုလာနှင့် မန်စီးတီးကို ကျေးဇူးတင်ကြောင်း တန်ဟက်ဂ် ပြောကြား

မန်ချက်စတာဒါဘီမှ သင်ခန်းစာအတွက် ဂွါဒီယိုလာနှင့် မန်စီးတီးကို ကျေးဇူးတင်ကြောင်း တန်ဟက်ဂ် ပြောကြား
Photo: UtdDistrict
Photo: UtdDistrict
Published 6 October 2022

မန်ယူနည်းပြ တန်ဟက်ဂ်က မန်စီးတီးအသင်းအား ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် မန်ချက်စတာဒါဘီမှ သင်ခန်းစာအတွက် မန်စီးတီးနှင့် အသင်းနည်းပြ ဂွါဒီယိုလာတို့ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

မန်ယူအသင်းသည် အောက်တိုဘာ (၂) ရက်က ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို (၃-၆) ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။

မန်စီးတီးနှင့်ပွဲမှာ မန်ယူအသင်း၏ ခြေစွမ်းအမှန်ကို စမ်းသပ်သည့်ပွဲဖြစ်ကြောင်းလည်း နည်းပြ တန်ဟက်ဂ်က ယူရိုပါလိဂ်ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

''ကျွန်တော်တို့က တည်ဆောက်ဆဲအသင်းဖြစ်တာကြောင့် အမြဲတမ်း အရှေ့ကိုပဲ သွားနေမှာမဟုတ်ဘဲ ခံစားရတာတွေလည်း ရှိမယ်ဆိုတာကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာ နံပါတ် (၁) ကို နိုင်ခဲ့သလို၊ လီဗာပူးလ်ကိုလည်း နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မန်စီးတီးကိုတော့ ရှုံးနိမ့်ခဲ့ရပါတယ်။ မန်စီးတီးက ကျွန်တော်တို့ထက် ပိုကောင်းတယ်ဆိုတာကို ကျွန်တော် လက်ခံရမယ်။ ဒါပေမဲ့ အသင်းရဲ့စွမ်းဆောင်မှုကတော့ လက်ခံစရာမရှိပါဘူး။ ဒါက ကျွန်တော်တို့အတွက် စစ်မှန်တဲ့စမ်းသပ်မှုဖြစ်ပြီး ဒီအရှုံးကနေ သင်ယူရမယ်။ သင်ခန်းစာယူရမယ်။ ကျွန်တော်တို့အနေနဲ့ ပြိုင်ဘက်ကို လေးစားမှုထားပြီး ကိုယ့်ရဲ့နည်းစနစ်အတိုင်း ကစားရမယ်။ ကျွန်တော်တို့ကို သင်ခန်းစာပေးခဲ့တဲ့ ပတ်(ဂွါဒီယိုလာ)နဲ့ မန်စီးတီးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အဲဒီရှုံးပွဲက သင်ယူသွားမှာပါ''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent