တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးက တရုတ်နိုင်ငံသို့ ကိုရီးယားယဉ်ကျေးမှု ပြန်လည်စိမ့်ဝင်နိုင်အောင် အဆိုတော် BoA ၏ Better သီချင်းကို အသုံးချခဲ့ 

တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးက တရုတ်နိုင်ငံသို့ ကိုရီးယားယဉ်ကျေးမှု ပြန်လည်စိမ့်ဝင်နိုင်အောင် အဆိုတော် BoA ၏ Better သီချင်းကို အသုံးချခဲ့ 
Published 23 August 2022

ယခုလအစောပိုင်းက တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ပါ့ခ်ဂျင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိတို့ တရုတ်နိုင်ငံ၊ ချင်းတောင်မြို့တွင် တွေ့ဆုံကြရာ နိုင်ငံရေးကိစ္စရပ်များအပြင် ၂၀၁၆ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံတွင် ကေပေ့ါပ်နှင့် ကိုရီးယားယဉ်ကျေးမှု မလွှမ်းမိုးအောင် တားမြစ်ထားသည့်ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးမှုအတွင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးပါ့ခ်ဂျင်က နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရန်အရေးပါမှုကို အလေးပေးပြောဆိုကာ တရုတ်သို့ ကိုရီးယားရေစီးကြောင်း မစိမ့်ဝင်အောင်တားမြစ်ထားသည်ကို ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့သည်။

တောင်ကိုရီးယားကေပေါ့ပ်ဘုရင်မ BoA နှင့် တရုတ်အဆိုတော်လျိုဝီရှင်(ခေါ်) XIN တို့ ပူးတွဲသီဆိုထားသည့် Better အမည်ရှိ သီချင်းကိုလည်း နှစ်နိုင်ငံယဉ်ကျေးမှု ဖလှယ်ထားခြင်း၏ ကောင်းကျိုးသာဓကတစ်ခုအဖြစ်      မစ္စတာပါ့ခ်က ထောက်ပြခဲ့သည်။

Better သည် BoA ၏ အနုပညာသက်တမ်းနှစ် ၂၀ ပြည့်အထိမ်းအမှတ် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာက ထွက်ထားသည့် ၁၀ ခွေမြောက် တေးအယ်လ်ဘမ် Better ထဲမှ သီချင်းတစ်ပုဒ်ဖြစ်သည်။

သို့သော်ပြီးခဲ့သည့် ဇူလိုင်တွင် ထိုသီချင်းက တရုတ်ဗားရှင်းဖြင့်ထွက်လာပြီး XIN လည်းပါသည့်အတွက် ပရိသတ်များ အံ့သြခဲ့ရသည်။

ဗားရှင်းသစ်တွင် အဆိုတော်နှစ်ဦးစလုံး တရုတ်ဘာသာဖြင့် သီဆိုထားပြီး  ထိုသီချင်းကို  စီစဉ်ထုတ်လုပ်သူက SM Entertainment တည်ထောင်သူ လီဆူမန်ဖြစ်ကာ တရုတ်နှင့် တောင်ကိုရီးယားတွင် ရိုက်ကူးထားခြင်းဖြစ်ပြီး ရိုက်ကွင်းနောက်ကွယ်မှ ပုံရိပ်များကိုပါ YouTube တွင် ရှာဖွေကြည့်ရှုနိုင်သည်။   

Most Read

Most Recent