ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကမ္ဘာလှည့်ဗီဇာဖြင့် ဝင်ရောက်မည့် ခရီးသွားများအတွက် သတ်မှတ်ချက်များ ထုတ်ပြန်ခဲ့ပြီးပြည်ဝင်ခွင့်အတွက် ငြင်းပယ်ခံရပါက မူလလေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ထွက်ခွာရမည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကမ္ဘာလှည့်ဗီဇာဖြင့် ဝင်ရောက်မည့် ခရီးသွားများအတွက် သတ်မှတ်ချက်များ ထုတ်ပြန်ခဲ့ပြီးပြည်ဝင်ခွင့်အတွက် ငြင်းပယ်ခံရပါက မူလလေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ထွက်ခွာရမည်
Published 8 August 2022

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ဗီဇာဖြင့် ဝင်ရောက်မည့် ခရီးသွားများအတွက် သတ်မှတ်ချက်များ ထုတ်ပြန်ခဲ့ပြီး ပြည်ဝင်ခွင့်အတွက် ငြင်းပယ်ခံရပါက မူလလေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ထွက်ခွာရမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာလှည့်ဗီဇာလျှောက်ထားရာတွင် COVID-19 ကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံပြီးစီးကြောင်း လက်မှတ်၊ လွန်ခဲ့သည့် သုံးလအတွင်းက ရိုက်ကူးထားသော ကာလာဓာတ်ပုံအပါအဝင် အခြားသတ်မှတ်ချက်များ လိုအပ်မည်ဖြစ်သည်။ ယင်းပြင်လျှောက်ထားသူအားလုံးသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများကို လိုက်နာရမည်ဖြစ်ပြီး မည်သည့်ပြည်တွင်းရေး ဝင်ရောက်စွက်ဖွက်မှုကိုမျှ ခွင့်ပြုမည်မဟုတ်ကြောင်း၊ ကမ္ဘာလှည့် ဗီဇာခွင့်ပြုချက်သည် ပြည်ဝင်ခွင့်ပြုခြင်းမဟုတ်ကြောင်းနှင့် ပြည်ဝင်ခွင့်အတွက် ငြင်းပယ်ခံရပါက မူလလေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ထွက်ခွာရမည်ဟု သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအားလုံး COVID-19 ကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံပြီးမှသာ ဝင်ရောက်ခွင့်ရမည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၁ ရက်မှစတင်ကာ နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များအား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်အရ သြဂုတ် ၁ ရက်မှစတင်ကာ နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအားလုံးသည် မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက အသိမှတ်ပြုထားသည့် COVID- ရောဂါကာကွယ်ဆေးတစ်မျိုးမျိုးအနက် တစ်မျိုးမျိုးကို မြန်မာနိုင်ငံသို့ ဆိုက်ရောက်သည့် နေ့ရက်မတိုင်မီ လွန်ခဲ့သော ၁၄ ရက်ကျော်က အကြိမ်ပြည့်ထိုးနှံပြီးကြောင်း သက်သေခံလက်မှတ်၊ RT-PCR နည်းဖြင့် စစ်ဆေးထုတ်ပေးထားသည့် ဓာတ်ခွဲအဖြေ၊ နိုင်ငံခြားသားခရီးသွားများအတွက် မြန်မာ့အာမခံလုပ်ငန်းထံမှ COVID- ဆိုင်ရာ ကျန်းမာရေးအာမခံစသည်ဖြင့် စာရွက်စာတမ်းအထောက်အထားများ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent