တနင်္သာရီမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းလေးခုကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်း လုပ်ငန်းဆောင်ရွက်ရန် ပြည်တွင်းကုမ္ပဏီများသို့ တင်ဒါခေါ်ယူ

တနင်္သာရီမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းလေးခုကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်း လုပ်ငန်းဆောင်ရွက်ရန် ပြည်တွင်းကုမ္ပဏီများသို့ တင်ဒါခေါ်ယူ
လောပိတရေအားလျှပ်စစ်စီဓာတ်အားပေးစက်ရုံကို တွေ့ရစဉ်
လောပိတရေအားလျှပ်စစ်စီဓာတ်အားပေးစက်ရုံကို တွေ့ရစဉ်
Published 4 August 2022

တနင်္သာရီမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းလေးခုအား ပဏာမစူးစမ်းလေ့လာမှုများ ဆောင်ရွက်၍ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်းလုပ်ငန်း ဆောင်ရွက်ရန် ပြည်တွင်းကုမ္ပဏီများသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနက တင်ဒါခေါ်ယူထားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ တနင်္သာရီမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းလေးခုအား ပဏာမစူးစမ်းလေ့လာမှုများ ဆောင်ရွက်၍ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်းလုပ်ငန်း (Re-Tender) ဆောင်ရွက်ရန် ပြည်တွင်း တိုင်းရင်းသားကုမ္ပဏီများသို့ လုပ်ငန်းအပ်နှံဆောင်ရွက်လိုကြောင်း၊ တနင်္သာရီမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းလေးခုကို ပဏာမစူး စမ်းလေ့လာမှုများ ဆောင်ရွက်၍ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖြင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်းလုပ်ငန်း(Tender No.13/DHPI( P&W) / 2022-2013) (Re-Tender)  ဖြစ်ကြောင်း တင်ဒါစိစစ်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

တင်ဒါပုံစံနှင့်အသေးစိတ်အချက်အလက်များကို ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ (ရုံးအမှတ်-၂၇)၊ သုံးထပ်ဆောင်၊ ရုံးသစ်၊ နေပြည်တော်တွင် ရုံးချိန်အတွင်း လာရောက် စုံစမ်းဝယ်ယူနိုင်ကြောင်း၊ တင်ဒါများကို သြဂုတ် ၁ ရက်မှ ၁၅ ရက်အထိ ရောင်းချမည်ဖြစ် ပြီး တင်ဒါအဆိုပြုလွှာများကို  ၂၀၂၂ ခု နှစ် ဒီဇင်ဘာ ၂ ရက်တွင် တင်သွင်းရမည်ဖြစ်ကြောင်း၊ တင်ဒါပုံစံတစ်စောင်လျှင် ကျပ်ငါးသိန်းဖြင့် လာရောက်ဝယ်ယူနိုင်ကြောင်းထုတ် ပြန်ထားသည်။

ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ ရေအားလျှပ်စစ်စီမံကိန်း အသစ်ခြောက်ခုအား ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာပြုစုခြင်းအပါအဝင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့်အကောင်အထည်ဖော် ဆောင်ရွက်ရန် စိတ်ပါဝင်စားသူလုပ်ငန်းရှင်ကုမ္ပဏီများသို့ လုပ်ငန်းအပ်နှံရန် ဇူလိုင်လအတွင်းက တင်ဒါခေါ်ယူခဲ့သည်။

အဆိုပါစီမံကိန်းအသစ်ခြောက်ခုမှာ ဖုန်အင်ခရေအားလျှပ်စစ်စီမံကိန်းကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖြင့် ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာပြုစုခြင်းအပါအဝင် စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်း (Tender No.07/DHPI( P&W) / 2022-2013) ၊ ကဆန်ရေအားလျှပ်စစ် စီမံကိန်းကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာပြုစုခြင်းအပါအဝင် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်း (Tender No.08/DHPI( P&W) / 2022-2013) ၊ နမ့်မယ်ဆိုင် ရေအားလျှပ် စစ်စီမံကိန်းကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ဖြစ်မြောက်နိုင်စွမ်းအစီရင်ခံစာပြုစုခြင်းအ ပါအဝင် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းလုပ်ငန်း(Tender No.09/DHPI( P&W) / 2022-2013)  ၊ နမ့်ကန်ရေအားလျှပ်စစ်စီမံကိန်းကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာ ပြုစုခြင်းအပါအဝင် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်း (Tender No.10/DHPI( P&W) / 2022-2013) ၊ နမ့်တဘက် (ကယား) ရေအားလျှပ်စစ်စီမံကိန်းကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့်ဖြစ် မြောက်နိုင်စွမ်း အစီရင်ခံစာပြုစုခြင်းအပါအဝင် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်း (Tender No.11/DHPI( P&W) / 2022-2013) ၊ အထက်ဆည်တော်ကြီး ရေအားလျှပ်စစ်စီမံကိန်းကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာပြုစုခြင်းအပါအဝင် စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်းတို့ဖြစ်သည်။

Most Read

Most Recent