NLD အစိုးရလက်ထက် တာဝန်ရှိသူများအား အဂတိဖြင့် တရားစွဲဆိုမှုများနှင့်ပတ်သက်၍

NLD အစိုးရလက်ထက် တာဝန်ရှိသူများအား အဂတိဖြင့် တရားစွဲဆိုမှုများနှင့်ပတ်သက်၍
Published 17 June 2022

Politically Motivatedသဘော ဖြစ်နေသည့် NLD အစိုးရလက်ထက် တာဝန်ရှိသူများအား အဂတိဖြင့် တရားစွဲဆိုမှုများနှင့်ပတ်သက်၍ Eleven Media Group ၏ မေးမြန်းမှုအပေါ် ကော်မရှင်၏ တင်ပြချက်၊ တွေ့ရှိချက်များအပေါ် မူတည်၍ တရားမျှတစွာ ဆုံးဖြတ်မည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ဖြေကြား

Eleven Media Group ၏ မေးမြန်းမှုမှာ “ကျွန်တော်ကတော့Eleven Media Group က အယ်ဒီတာချုပ် ဒေါက်တာမင်းလွင်ဖြစ်ပါတယ်။ ကျွန်တော်မေးတဲ့မေးခွန်းနဲ့ ပတ်သက်ပြီးတော့ အချက်အလက်အချို့ ချပြဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ဒီမှာအချိန်မရတဲ့အတွက် နောက်ပြီးရင် ကျွန်တော်စာရွက်နဲ့ပဲ ပေးခဲ့ပါမယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းရဲ့ အဂတိလိုက်စားမှုတွေနဲ့ပတ်သက်ပြီး အမှုများစွာရှိပါတယ်။ အဲဒီထဲမှာမှ YP ကိစ္စဆိုရင် သူ့အောက်က ဝန်ကြီးတွေ၊ ဝန်ထမ်းတွေဟာ အရေးယူခံရပါတယ်။ တာဝန်အရှိဆုံးဖြစ်တဲ့ Policy Maker ဖြစ်တဲ့ သူအရေးယူခံရတာမတွေ့ရပါဘူး။ တကယ်က ဦးဖြိုးမင်းသိန်းကြောင့် နိုင်ငံတော် နစ်နာဆုံးရှုံးမှုဟာ ခန့်မှန်းတွက်ချက်မှုအရ ဆိုရင် ကျပ်ဘီလျံထောင်ချီ ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေ ကြောင့် နိုင်ငံတော်ထိခိုက်နစ်နာမှုဟာ ဘီလျံ ၁ဝဝ လောက်ပဲရှိပါ တယ်။ အဲဒီလိုပဲ ဒေါ်အောင် ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် တို့ အပေါ် စွဲဆိုထားမှုအရဆိုရင်လည်း သူတို့ရဲ့ အဂတိလိုက်စားမှုကြောင့် နိုင်ငံ တော်နစ်နာ ဆုံးရှုံးမှု တန်ဖိုးဟာကျပ် ၄၅ ဘီလျံကျော် လောက်ပဲ ရှိပါတယ်။ ဒီတော့ NLD အစိုးရ လက်ထက် က အဖွဲ့ဝင်တွေထဲ မှာ ဦးဖြိုးမင်းသိန်းကြောင့် နိုင်ငံတော်ထိခိုက် နစ်နာမှုတန်ဖိုးဟာ အများဆုံးလို့ ယူဆရပါတယ်။ ဒါပေမဲ့သူကတော့ ကွက်ကျန်နေပြီး တော့ ကျန်တဲ့သူတွေကိုပဲ အရေးယူတယ်ဆိုတာက ကျွန်တော်တို့က Politically Motivated ဖြစ်နေလားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ နောက်တစ်ချက်က ဦးဖြိုးမင်းသိန်းက ကျွန်တော်တို့ သိထားတာကတော့ ဝန်ကြီးချုပ်မဖြစ်ခင်က သူ မောင်ထော်လေးလမ်း တိုက်ခန်းမှာ နေမယ်။ သူ့အမျိုးသမီးက ရွှေဆိုင် ခပ်သေးသေး ပါပဲ ပိုင်တယ်။ အဲဒီ နောက်တော့ သူဝန်ကြီး ချုပ် ဖြစ်လာပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရွှေခုနစ်ပိဿာနဲ့ ဒေါ်လာခြောက်သိန်း ပေါ့။ အဲဒီလောက်အထိ လာဘ်ပေးနိုင် လောက် အောင်ချမ်းသာသွားတယ်ပေါ့။ အဲဒီ တော့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာတွေ ရှိသလားဆိုတာ သိချင်ပါတယ်။ နောက်တစ်ခုက အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ဦးဖြိုး မင်းသိန်းနဲ့ပတ်သက်တဲ့ အဂတိလိုက်စား မှုဖြစ်နိုင်ခြေတွေအားလုံးကို ကျယ်ကျယ် ပြန့် ပြန့်စုံစမ်းစစ်ဆေးဖို့ အစီအစဉ်ရှိ မရှိ သိချင် ပါတယ်။ စုံစမ်းစစ်ဆေးမှု လုပ်ခဲ့မယ်ဆိုရင် လည်း ပွင့်လင်းမြင်သာစွာနဲ့ ထုတ်ပြန်ပေး ဖို့ အစီအစဉ်ရှိ မရှိ သိလိုပါတယ်” ဟူ၍ ဖြစ်သည်။

Most Read