လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ပြည်တွင်းလေဆိပ်လေးခု၏ လေယာဉ်ပြေးလမ်းနှင့် လေယာဉ်ရပ်နားရာနေရာတို့ကို ကျောက်ကတ္တရာ ထပ်ပိုးလွှာတင်ခြင်းအပါအဝင် လုပ်ငန်းလေးခုအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ

လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ပြည်တွင်းလေဆိပ်လေးခု၏ လေယာဉ်ပြေးလမ်းနှင့် လေယာဉ်ရပ်နားရာနေရာတို့ကို ကျောက်ကတ္တရာ ထပ်ပိုးလွှာတင်ခြင်းအပါအဝင် လုပ်ငန်းလေးခုအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ
Published 3 June 2022

လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ပြည်တွင်းလေဆိပ်လေးခု၏ လေယာဉ်ပြေးလမ်းနှင့် လေယာဉ်ရပ်နား ရာနေရာတို့အား ကျောက်ကတ္တရာ ထပ်ပိုးလွှာတင်ခြင်းအပါအဝင် လုပ်ငန်းလေးခုအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အတွင်း လေယာဉ်ပြေးလမ်းနှင့် လေယာဉ် ရပ်နားရာနေရာတို့အား ကျောက်ကတ္တရာ ထပ်ပိုးလွှာတင်ခြင်း၊ ကျောက်ကတ္တရာညှိလွှာ ခင်းခြင်းနှင့် ရေပိတ်လွှာနှစ်ထပ်လောင်းခြင်း စသည့်လုပ်ငန်း လေးခုတို့အတွက် အသုံးပြုရန်လိုအပ်သည့် ပစ္စည်းများအတွက် အဆိုပါ အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်သည်။

လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ပြည်တွင်းလေဆိပ်များဖြစ်သည့် ကျောက်ဖြူလေယာဉ်ကွင်း၊ မိုင်းဆတ် လေယာဉ်ကွင်း၊ မော်လမြိုင်လေယာဉ်ကွင်းနှင့် ကလေးလေယာဉ်ကွင်းတို့တွင် အသုံးပြုရန် ပြေးလမ်းလမ်းသုံးကတ္တရာ တန် စုစုပေါင်း ၉၃၁ တန်ဝယ်ယူရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ယင်းပြင် ကျောက်ဖြူလေယာဉ်ကွင်းတွင်အသုံး ပြုရန်  ပြေးလမ်း  သုံးခွဲကျောက်ရွယ်စုံ ၂၃၅၈ ကျင်းအား ဝယ်ယူရန်လည်း တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်သည်။

အိတ်ဖွင့်တင်ဒါစည်းကမ်းနှင့် လျှောက်လွှာပုံစံများအား ၂၀၂၂ ခုနှစ်၊ ဇွန် ၆ရက်မှစ တင်ကာရုံးချိန်အတွင်း ရောင်းချမည်ဖြစ်ပြီး  ဇွန်လ ၁၃ ရက်နေ့တွင် တင်ဒါအရောင်း ပိတ်ပြီး ဇွန် ၂၁ ရက်တွင် တင်ဒါများ နောက်ဆုံးထား ပြန်လည်တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

ယင်းပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားဌာနက ရန်ကုန်တိုင်းဒေသကြီး မီးရထားနယ်မြေများရှိ စက်ရုံ၊ အလုပ်ရုံ၊ ရုံးဌာန ၁၆ နေရာမှထွက်ရှိသော အမှိုက်များသိမ်းဆည်းခြင်း လုပ်ငန်းဆောင်ရွက်ရန်၊ လူစီးတွဲနှင့်ကုန်တွဲများ အကြီးတန်းပြုပြင်ရန် လိုအပ်သော ပစ္စည်း ၁၂၀ မျိုးဝယ်ယူရန်နှင့် လူစီးတွဲနှင့် ကုန်တွဲများ အကြီးတန်းပြုပြင်ရန် လိုအပ်သော ပစ္စည်း ၁၅၃ မျိုးဝယ်ယူရန်လည်း အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း သိရသည်။

မြန်မာ့မီးရထားက ရန်ကုန်-မန္တလေး  ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း(Phase-1­) ညောင်လေးပင်-တောင်ငူလမ်းပိုင်း ၍ ခြံစည်းရိုးကာရံခြင်း၊ RBE စက်ခေါင်း အရန်ပစ္စည်း ဝယ်ယူရန် အပါအဝင် လုပ်ရန်လုပ်ငန်း ၁၁ မျိုးဆောင်ရွက်ရန်အိတ်ဖွင့်တင် ဒါခေါ်ယူခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာ့မီးရထားက အိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့သည့်လုပ်ငန်း ၁၁ မျိုးတွင် နိုင်ငံခြားစက္ကူဖြူများနှင့် မိတ္တူကူးစက်ဆက်စပ် ပစ္စည်းများ 1 Lot၊ အဆင့်မြင့် စက္ကူဖြူနှစ်မျိုး၊ ဆေးဝါးနှင့် ဆေးရုံသုံးပစ္စည်း ၁၆၂ မျိုးဝယ်ယူခြင်း၊ GNC 140 (Nickel Cadmium Batte-ry) ၂၀ စုံဝယ်ယူခြင်း၊ အင်ဂျင်၊ ထရန်စမင်ရှင်း၊ ဘိုဂီအရန်ပစ္စည်း ၈၅ မျိုးဝယ်ယူခြင်း၊ ဒီဇယ်လျှပ်စစ်၊ အအေးပြု၊ အရန်စက်ငယ်အရန်ပစ္စည်းနှင့် သံရည်ကြိုပစ္စည်း ၈၀ မျိုးဝယ်ယူရန် စသည့်လုပ်ငန်းများ ပါဝင်ကြောင်းသိရသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးတင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ် ကမ်းအသစ်တစ်ခုတည်ဆောက်ရေးအတွက် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှု (Feasiblity Stydy) ဆောင်ရွက်ရန်အတွက် အတွေ့ အကြုံရှိ ကုမ္ပဏီများအား အိတ်ဖွင့်တင်ဒါ (Open Tender) တင်သွင်းရန် ဖိတ်ခေါ်ထားကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတင်းရရှိသည်။

အဆိုပါနိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအသစ်တစ်ခု တည်ဆောက်မည့်လုပ်ငန်းတည်နေရာမှာ မော်လ မြိုင်မြို့၊ မုဒုံမြို့နယ်၊ ဘလောက်ညောင်ဝိုင်းကျေးရွာနှင့် ဝဲကလိကျေးရွာအကြား အနီးတွင် ဖြစ်ကြောင်း သိရသည်။