■ ဂျာမန်ဖလားဆီမီးဖိုင်နယ်
လိုက်ပ်ဇစ် - အူန်ယွန်းဘာလင် (ကြာသပတေးနံနက် ၁း၁၅ နာရီ)
လိုက်ပ်ဇစ်အသင်းက သမိုင်းတစ်လျှောက် ပထမဆုံး မေဂျာဖလားအပြင် တစ်ရာသီထဲမှာ ဖလားနှစ်လုံးအိပ်မက် တောင် မက်လို့ရတဲ့အနေအထား ရောက်လာပြီ။ အရေးပါတဲ့ အဆုံးအဖြတ်ပွဲတွေ တောက်လျှောက်ကစားခဲ့ရလို့ ပွဲပန်းနေ နိုင်တာကပဲ လိုက်ပ်ဇစ်ရဲ့အားနည်းချက်လို့ ဆိုနိုင်ပြီး တခြား အပိုင်းတွေမှာတော့ အဖက်ဖက်က ယုံကြည်မှုမြင့်တက်နေ တဲ့ အနေအထားပါပဲ။ အူန်ယွန်းဘာလင်က အဝေးကွင်းနောက် ဆုံးပွဲမှာ ဂိုးပြတ်ပြန်အနိုင်ရထားပေမဲ့ အဲဒီမတိုင်မီ (၄)ပွဲဆက် အရေးနိမ့်ထားတာ တွေ့ရတယ်။ လိုက်ပ်ဇစ်ဘက်ကပဲ ရပ် တည်သင့်တယ်။
■ ကိုပါအီတာလီယာဖလား ဆီမီးဖိုင်နယ် (ဒု-ကျော့)
ဂျူဗင်တပ်စ် - ဖီအိုရင်တီးနား (ကြာသပတေးနံနက် ၁း၃၀ နာရီ)
ပထမအကျော့တွေ့ဆုံတုန်းကထက်တောင် ဖီအိုရင်တီး နားအသင်း ယုံကြည်မှုပိုရှိနေတယ်။ ပီယွန်တက်ခ် Line-up ပျောက်သွားပေမဲ့ ကာဘရယ်လ်က နည်းပြယုံကြည်မှုနဲ့ ထိုက် တန်အောင် အားကိုးနေရပြီး ထူးခြားတာက အာဆင်နယ်ကွင်း လယ်ကစားသမားဟောင်း တော်ရဲရားက ဂိုးတွေ သွင်းပြနေတာ ပဲဖြစ်တယ်။ ဂျူဗင်တပ်စ်ကတော့ ဒီရာသီအတွက် နောက်ဆုံး ဖလားမျှော်လင့်ချက်ဖြစ်လို့ အသေအချာ ပြင်ဆင်လာလိမ့်မယ် ထင်တယ်။ ခြေစွမ်းအရလည်း အိမ်ကွင်းမှာ ဂျူဗင်တပ်စ် အနိုင် ကစားဖို့များတယ်။















