ပခုက္ကူ မြို့နယ်ပညာရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

ပခုက္ကူ မြို့နယ်ပညာရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ
Published 5 April 2022

ပခုက္ကူမြို့နယ် ပညာရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရမှု ဧပြီ  ၅ ရက် (ယနေ့) နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ် ပညာရေးမှူး ဒေါ်တင်တင်ရီ ဆိုသူမှာ နေအိမ်မှ ထွက်ခွာလာစဉ် အမှတ် ၁၂ ရပ်ကွက် သတိပဌာန် လမ်းအရောက်တွင် အမည်မသိ အမျိုးသား နှစ်ဦးက သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ရီမှာ သေနတ်ဒဏ်ရာဖြင့် နေရာတွင် သေဆုံးခဲ့ပြီး သုံးချက်ခန့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။

မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ရီမှာ ပခုက္ကူမြို့ အမှတ် ( ၁၂)  ရပ်ကွက် ၊ခန်တောရပ်တွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး အချို့နှင့် ဒလန်ဟု သတ်မှတ်ခံရသူအချို့ နေအိမ်နှင့် လမ်းများတွင် သေနတ်ဖြင့် ပစ်သတ်ခံရမှု ယခင် လများက ဖြစ်ပွားခဲ့သည်။

Most Read

Most Recent