ယူကရိန်းပဋိပက္ခတွင် တရုတ်၌ အထူးတာဝန်ရှိဟု ဂျာမနီ ပြောကြား

ယူကရိန်းပဋိပက္ခတွင် တရုတ်၌ အထူးတာဝန်ရှိဟု ဂျာမနီ ပြောကြား
Published 27 February 2022
Ref: Reuters

ယူကရိန်းပဋိပက္ခနှင့်စပ်လျဉ်းပြီး တရုတ်တွင် အထူးတာဝန်ရှိသည်ဟု ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး အန်နာလီနာ ဘာဘော့ခ်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုမှုတွင် အလေးအနက်ပြောကြားခဲ့သည်ဟု ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၆ ရက်တွင် Twitter ၌ရေးသားဖော်ပြခဲ့သည်။

 တရုတ်သည် ယူကရိန်းကို ရုရှား၏ကျူးကျော် မှုအား ရှုတ်ချမည့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ကြေညာချက်မူကြမ်းကို မဲပေးမှု တွင် လက်ရှောင်ခဲ့သည်။

ဝမ်ကမူ တရုတ်အ နေဖြင့် နေတိုး၊ ဥရောပသမဂ္ဂနှင့် ရုရှားတို့ အကြား ဟန်ချက်ညီမှုရှိသည့်၊ ထိရောက် သည့်၊ ရေရည်တည်တံ့ခိုင်မြဲမှုရှိသည့် ဥရော ပ လုံခြုံရေးယန္တရားတစ်ခုကို တည်ဆောင်ရန်  ဆွေးနွေးမှုများပြန်လည်ပြုလုပ်ရေးကို ထောက်ခံကြောင်း ပြောကြားခဲ့သည်ဟု တ ရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ သည်။ထို့ပြင် ပြဿနာများကို ဖြေရှင်းရန် ပိတ်ဆို့မှုများကို အသုံးချမှုကို တရုတ်က ထောက်ခံခြင်းမရှိကြောင်းနှင့် နိုင်ငံတကာဥပ ဒေနှင့် ကိုက်ညီမှုမရှိသည့် တစ်ဖက်သတ်ပိတ် ဆို့မှုများကို ဆန့်ကျင်ကြောင်း ဝမ်က ပြော ကြားခဲ့သည်။လုံခြုံရေးကောင်စီအနေဖြင့် ယူကရိန်းပဋိပက္ခကို နိုင်ငံရေးအရ အဖြေရှာ သင့်သည်ဟုလည်း ဝမ်ယိက ပြောကြားခဲ့ သည်။                                       

Most Read

Most Recent