ရှန်ဟိုင်းလေဆိပ်တွင် မျက်နှာမှတ်သည့်စနစ်ဖြင့် အလိုအလျောက် မှတ်ပုံတင်သော နည်းပညာ အသုံးပြုမည်

ရှန်ဟိုင်းလေဆိပ်တွင် မျက်နှာမှတ်သည့်စနစ်ဖြင့် အလိုအလျောက် မှတ်ပုံတင်သော နည်းပညာ အသုံးပြုမည်
၂၀၁၀ ပြည့်နှစ် ဇန်နဝါရီ ၂၁ ရက်တွင် ရှန်ဟိုင်း၏ ဟုန်ချောင် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တည်ဆောက်ဆဲ ခန်းမဆောင် ၂ တွင် လုံခြုံရေးတစ်ဦးက စောင့်ကြပ်နေစဉ် (Photo : AFP)
၂၀၁၀ ပြည့်နှစ် ဇန်နဝါရီ ၂၁ ရက်တွင် ရှန်ဟိုင်း၏ ဟုန်ချောင် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တည်ဆောက်ဆဲ ခန်းမဆောင် ၂ တွင် လုံခြုံရေးတစ်ဦးက စောင့်ကြပ်နေစဉ် (Photo : AFP)
Published 21 October 2018

ပေကျင်းက မျက်နှာမှတ်သည့် နည်းပညာကဏ္ဍ၌  ကမ္ဘာ့ဦးဆောင် သူဖြစ်ရန် တွန်းအားပေးနေစဉ် ကိုယ်ရေးကိုယ်တာလုံခြုံမှုအတွက် စိုးရိမ်မှုမြင့်တက်လာနေစဉ် တရုတ်နိုင်ငံတစ်ဝန်း ရည်မှန်းချက်ကြီးမားသော မျက်နှာသိမှတ်စနစ်များ မိတ်ဆက်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယခုအခါ ရှန်ဟိုင်း၏ ဟုန်ချောင်လေဆိပ်၌ မျက်နှာမှတ်စနစ် အသုံးပြု၍ အလိုအလျောက် မှတ်ပုံတင်စနစ်ကို အသုံးပြုနိုင်ခြေရှိသည်။

ဟုန်ချောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ်ခရီးစဉ်နှင့် ခရီးဆောင်အိတ် မှတ်ပုံတင်စစ်ဆေးမှု၊ လုံခြုံရေး ဖြတ်သန်းမှုနှင့် လေယာဉ်ပေါ်တက်မှုတို့ကို မျက်နှ သိမှတ်နည်းပညာဖြင့် အလိုအလျောက်   ပြုလုပ်ပေးသည့်စက်များကို မိတ်ဆက်ခဲ့သည်။ အလားတူစနစ်များ အား မြို့တော်ပေကျင်းနှင့် နိုင်ငံအ လယ်ပိုင်းဟီနန်ပြည်နယ်၏ နန်ယန် မြို့တို့ရှိ လေဆိပ်များတွင် အသုံးပြုရန် လုပ်ဆောင်နေကြပြီဖြစ်သည်။

တရုတ်၏လေဆိပ်အများအပြားတွင် လုံခြုံရေးစစ်ဆေးမှုများအား လျင်မြန်စေရန်အတွက် မျက်နှာမှတ် စနစ်များကို အသုံးပြုနေပြီ ဖြစ်သော်လည်း ရှန်ဟိုင်းတွင် အောက် တိုဘာ ၁၅ ရက်၌ မိတ်ဆက်ခဲ့သည့် ထိုစနစ်သည် ပထမဆုံးအကြိမ် အပြည့်အဝ အလိုအလျောက် လုပ်ဆောင်သည့်စနစ် ဖြစ်ခဲ့သည်။

ယင်းသည် တရုတ်တွင် ခရီး သည် မှတ်ပုံတင်၊ လုံခြုံရေးစစ်ဆေး မှုလုပ်ငန်းစဉ်တစ်ခုလုံးအတွက် ပထ မဆုံးဖြစ်သော အလိုအလျောက် ဆောင်ရွက်သည့်စနစ်ဖြစ်ကြောင်း ဟုန်ချောင်လေဆိပ်တွင် ထိုစနစ်ကို  ပထမဆုံး အသုံးပြုသည့် လေကြောင်းလိုင်းဖြစ်သော Spring Airlines ၏ မြေပြင်ဝန်ဆောင်မှုဌာနအထွေ ထွေမန်နေဂျာကျာန်းကျဲန်းက ပြောကြားခဲ့သည်။

လတ်တလောတွင်မူ တရုတ်သက်သေခံကတ် ကိုင်ဆောင်ထားသူများသည်သာ ထိုစနစ်ကို အသုံးပြု နိုင်မည်ဖြစ်သည်။

အောက်တိုဘာ ၁၅ ရက်တွင် Spring လေကြောင်းလိုင်း၏ ခရီးစဉ်များကို စီးနင်းခဲ့ကြသည့် ခရီးသည် ၅၀၁၇ ဦး၏ ၈၇ ရာခိုင်နှုန်းသည် အလိုအလျောက် မှတ်ပုံတင်သည့်စနစ်ကို အသုံးပြုခဲ့ကြပြီး မှတ်ပုံတင်ရန်ကြာချိန် တစ်မိနစ်ခွဲစီ အချိန်သက်သာခဲ့ကြောင်း ထိုလေကြောင်းလိုင်းက အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံတစ်ဝန်းတွင် မျက်နှာမှတ်သည့်စနစ်သည် နေ့စဉ်ဘဝထဲသို့ ဝင်ရောက်နိုင်ရန် လမ်းကြောင်း ရှာနေသည်။ ပြည်မကြီးတရုတ် ရဲ တပ်ဖွဲ့သည် လူအုပ်ကြီးထဲမှ သံသ ယရှိသူများအား ဖော်ထုတ်ရန်နှင့် လက်ပူးလက်ကြပ်ဖမ်းဆီးရန် မျက် နှာမှတ်သည့်စနစ်များအား အသုံးပြု နေပြီဖြစ်ပြီး နိုင်ငံအဆင့် ထောက်လှမ်းသည့် ကင်မရာများ၏ အချက်အလက် ပေါင်းစပ်စနစ်ကို ဖန်တီးရန်လည်း လုပ်ဆောင်နေသည်။

မျက်နှာမှတ်သည့် နည်းပညာဖြင့် ငွေချေသည့်စနစ်ပြုလုပ်ရန် စီစဉ်နေသည့် ရှန်ဟိုင်းအနီး ဟန်ကျိုးရှိ KFC ဆိုင်ခွဲတစ်ခု၊ စာသင်ခန်းထဲမှ ကျောင်းသားများ၏အပြုအမူ များအား စောင့်ကြည့်ရန် မျက်နှာမှတ်သည့် ကင်မရာ အသုံးပြုနေသည့် စာသင်ကျောင်း တစ်ကျောင်း၊ ငွေကြေးခဝါချမှုများအား ဟန့်တားရန် မကာအို၏ ငွေသားထုတ်စက်များတွင် မျက်နှာမှတ်သည့်ကိရိယာများ တပ်ဆင်ထားကြောင်း စသည့် ထိုစနစ်များအား တိုးချဲ့အသုံးပြုလာနေသည့် သတင်းများကို တရုတ်မီဒီယာများက မပြတ်ဖော်ပြခဲ့ကြသည်။

သို့သော် ဇီဝအချက်အလက်များအား အစိုးရက မည်သို့အသုံးပြုနိုင်ကြောင်း စည်းမျဉ်းမရှိသလောက် နည်းပါးသည့် တရုတ်တွင် ထိုစနစ်၏ အသုံးဝင်မှုသည် သက်သောင့်သက်သာရှိမည် ဖြစ်သော်လည်း ပေးဆပ်ရမှုများလည်း ရှိလာဖွယ်ရှိသည်။

အာဏာပိုင်များသည် လူမှုရေးဆိုင်ရာ ထိန်းချုပ်ရန် ရည်ရွယ်ချက်များအတွက် လူများအား ခြေရာခံနိုင်ရန်နှင့် မှတ်တမ်းတင်နိုင်ရန်  ဇီဝအချက်အလက်များနှင့် လူသားမှတ်ဉာဏ်တုများကို အသုံးပြုနေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့မှ တရုတ်ထိပ်တန်းသုတေသီ မာယာဝမ်က ပြောကြားခဲ့သည်။

လူများအား ခြေရာခံရာတွင် ပိုမိုအထောက်အကူ ပြုနိုင်သောကြောင့် အာဏာပိုင်များက နိုင်ငံတစ်ဝန်း၌ မျက်နှာမှတ်သည့် နည်းပညာများအား အသုံးပြုမှုနှင့် ပေါင်းစပ်မှု မြင့်တက်လာခြင်းကို စိုးရိမ်နေရကြောင်း ၎င်းက ပြောကြားခဲ့သည်။

Ref : AFP

Most Read

Most Recent