ဖေမီနို မကစားနိုင်ချိန်မှာ ဆာလာ၊ မာနေနဲ့ ဂျိုတာတို့ကြားက ဟန်ချက်ဟာ သိပ်ပြီးထက်မြက်နေတယ်။ ဂျိုတာ အခုကစားရတဲ့နေရာမှာ ဖေမီနို ဘယ်လောက်ထူးချွန်တယ်ဆိုတာ ထင်ရှားစွာမြင်ခဲ့ရသလို၊ ဂျိုတာ အစားထိုးအမှုတော်ထမ်းချိန်မှာလည်း လီဗာပူးလ်ရဲ့တိုက်စစ်ဟာ ပါးလျမနေဘူး။ သူတို့သုံးဦးရဲ့ရွေ့လျားမှုတွေနဲ့အတူ ပြိုင်ဘက်ခံစစ်ဟာ နေရာလွတ်များစွာ ဖြစ်နေတယ်။ သူတို့ သုံးဦးဟာ တစ်ဦးချင်းထူးချွန်မှုအပြင် တစ်ဦးအပေါ် တစ်ဦး အပြန်အလှန်မှီခိုအကျိုးပြုနေတာကိုလည်း မြင်ရတယ်။ ဂျိုတာအကြောင်း သီးသန့်ပြောရရင် သူဟာ လက်ရှိရာသီမှာ Firmino Role သာမကဘဲ လီဗာပူးလ်ရဲ့ Attacking Channel တစ်ခုလုံးမှာ ဖြန့်ကျက်ကစားနေတာပါပဲ။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ဝုလ်ဗ်ကနေ လီဗာပူးလ်ကို ရောက်လာပြီးနောက် ဂျိုတာက ပြိုင်ပွဲစုံ (၄၆)ပွဲမှာ ဂိုး (၂၀) သွင်းယူထားတယ်။ ဒါက ထူးခြားကောင်းမွန်တဲ့ မှတ်တမ်းဖြစ်ပြီး ဒူးဒဏ်ရာကြောင့် (၃)လ အနားမယူခဲ့ရရင် သူ့ရဲ့ သွင်းဂိုးအရေအတွက်ဟာ ပိုများနေမှာပဲ။
အနီရောင်သူရဲကောင်းတစ်ဦးအကြောင်း
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
13 hours ago
13 hours ago
13 hours ago
13 hours ago