အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီမှာ သူ့ကစားသမားဘဝတစ်လျှောက်လုံး ကစားခဲ့ရာ ဘာစီလိုနာနဲ့ လမ်းခွဲပြီး ပြင်သစ်ကလပ် PSG အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ မက်ဆီက လက်ရှိမှာ PSGနဲ့ (၂)နှစ်စာချုပ် ချုပ်ဆိုထားပြီး တစ်ချိန်ချိန်မှာ ဘာစီလိုနာအသင်းဆီ အားကစားဒါရိုက်တာအဖြစ် ပြန်သွားချင်တယ်လို့ ဝန်ခံထားသူပါ။ နိုဝင်ဘာ (၂၃)ရက်နေ့က စပိန်သတင်းစာ Marca က ပါရီမှာရှိတဲ့ မက်ဆီရဲ့ နေအိမ်သစ်ကိုသွားရောက်ပြီး အင်တာဗျူး ပြုလုပ်ခဲ့ပါတယ်။ Marca က မေးသမျှ မေးခွန်းတွေကို မက်ဆီက စိတ်ရှည်လက်ရှည်ဖြေကြားခဲ့ပြီး ပါရီမှာ နေသားကျအောင်နေထိုင်ရတဲ့အကြောင်း၊ PSG နဲ့ ချန်ပီယံလိဂ်ဖလားရရှိနိုင်ခြေ၊ အသင်းဖော်ဖြစ်လာတဲ့ ပြိုင်ဘက်ဟောင်း ရာမို့စ်အကြောင်းနဲ့ ဘာစီလိုနာနည်းပြသစ် ဇာဗီတို့အပေါ် သူမြင်သမျှ အရိုးရှင်းဆုံးဖြေကြားခဲ့ပါတယ် . . .
PSG တိုက်စစ်မှူး လီယွန်နယ်မက်ဆီနှင့် တွေ့ဆုံခြင်း
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
13 hours ago
14 hours ago
14 hours ago
14 hours ago