သံဖြူဇရပ်မြို့နယ် တောင်ဖလုကျေးရွာ (ကျိုက္ခမီ - စက်စဲ) လမ်းဆုံအနီးတွင် ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်ကာ ယာဉ်မောင်းသေဆုံးပြီး ယာဉ်ပေါ်ပါလာသူ အမျိုးသမီး ၁၀ ဦး ဒဏ်ရာရရှိ

သံဖြူဇရပ်မြို့နယ် တောင်ဖလုကျေးရွာ (ကျိုက္ခမီ - စက်စဲ) လမ်းဆုံအနီးတွင် ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်ကာ ယာဉ်မောင်းသေဆုံးပြီး ယာဉ်ပေါ်ပါလာသူ အမျိုးသမီး ၁၀ ဦး ဒဏ်ရာရရှိ
Published 20 November 2021

သံဖြူဇရပ်မြို့နယ် တောင်ဖလုကျေးရွာ၊ (ကျိုက္ခမီ-စက်စဲ) လမ်းဆုံအနီးတွင် နိုဝင်ဘာ ၂၀ ရက် နံနက် ၉ နာရီခန့်က ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားကာ ယာဉ်မောင်းသေဆုံးပြီး ယာဉ်ပေါ်ပါလာသူ အမျိုးသမီး ၁၀ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ပရဟိတ အရေးပေါ်လူမှုကူညီကယ်ဆယ်ရေး အဖွဲ့များထံမှ သိရသည်။

 ယာဉ်ပေါ်လိုက်ပါလာကြသူများမှာ မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ကွက်မှ ဘုရား ဖူးလာသူများဖြစ်ကြောင်း၊ ယာဉ်မောင်း အမျိုးသားတစ်ဦးနှင့် ယာဉ်ပေါ်တွင် အမျိုးသမီး ၁၀ ဦး၊ စုစုပေါင်း ၁၁ ဦး လိုက်ပါလာကြောင်း၊ အဆိုပါ ယာဉ် အရှိန်လွန်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား သံဖြူဇရပ်မြို့ နှင့် ကျုံကဒက်ကျေးရွာရှိ ပရဟိတ အရေးပေါ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များမှ သံဖြူဇ ရပ်မြို့နယ်ဆေးရုံများသို့ ကူညီပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။

အရှိန်လွန်တိမ်းမှောက်သွားတဲ့ယာဉ် က Hi jet ယာဉ်လို့သိရတယ်။ မျက်မြင်တွေ ပြောကြားချက်အရ ဆိုင်ကယ်ကို ကျော်ရင်းနဲ့ အရှိန်လွန်ပြီးတော့ လမ်းဘေးမြောင်းထဲ ကျသွားတာ။ အဲဒီမှာလူတွေက အောက်မှာ ပိနေ တော့ ကားကို အပေါ်ကို လူအင်အားနဲ့ မ တင် လိုက်ရပါတယ်” ဟု မွန်မြတ်စေတနာ Rescue (ကျုံကဒက်) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 ၎င်းကဆက်လက်ပြီး “မနက် ၁၀ နာရီ လောက်မှာတော့ ယာဉ်မောင်းဆုံးသွားတယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ အမျိုးသမီး သုံးဦးက စိုးရိမ်ရတဲ့အခြေအနေ မှာရှိပါတယ်။ ထိခိုက်ဒဏ်ရာရထားသူတွေ ကိုတော့ သံဖြူဇရပ်က ပရဟိတအဖွဲ့တွေနဲ့ ကျွန်တော်တို့ မွန်မြတ်စေတနာ Rescue (ကျုံကဒက်) အဖွဲ့တွေ ပေါင်းစုပြီးတော့ မော် လမြိုင်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်}} ဟု ပြောကြားသည်။

 အဆိုပါ Hi Jet ယာဉ်အရှိန်လွန်တိမ်း မှောက်မှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာမှလည်း စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။

 မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့် နိုဝင် ဘာ ၁၁ ရက် ညနေပိုင်းကလည်း မွန်ပြည်နယ် ရေးမြို့နယ် နှစ်ကရင်ကျေးရွာလမ်းဝ အနီး တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာမှ ခုနစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 အလားတူ ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းကလည်း သံဖြူဇရပ်မြို့နယ် သံဖြူ ဇရပ်-ရေးကားလမ်းပိုင်း ကလိုင်ပဒေါ ကျေးရွာ နှင့် စွတ်ပလောင်ကျေးရွာကြားတွင် ယာဉ်မ တော်မဆမှုဖြစ်ပွားရာမှ ကလေးတစ်ဦး အပါ အဝင် လူသုံးဦး သေဆုံးခဲ့ပြီး ခြောက်ဦး ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဘိုဘိုမြင့်

Most Read

Most Recent