သန်လျင်တံတားအဆင်း သန်လျက်ဘက်ခြမ်း၊ သာကေတတိုင်းရင်းသားကျေးရွာအနီးမီးပွိုင့်နှင့် ထန်းတပင်တာဆုံတို့တွင် ပစ်ခတ်မှုများဖြစ်ပွားပြီး သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိဟု သတင်းများထွက်ပေါ်

သန်လျင်တံတားအဆင်း သန်လျက်ဘက်ခြမ်း၊ သာကေတတိုင်းရင်းသားကျေးရွာအနီးမီးပွိုင့်နှင့် ထန်းတပင်တာဆုံတို့တွင် ပစ်ခတ်မှုများဖြစ်ပွားပြီး သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိဟု သတင်းများထွက်ပေါ်
ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် သန်လျင်တံတားအဆင်း သာကေတဘက်ခြမ်း သန်လျင်မီးပွိုင့်အနီး ပတ်ဝန်းကျင်တွင် လုံခြုံရေးရယူထားမှုကို တွေ့ရစဉ်
ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် သန်လျင်တံတားအဆင်း သာကေတဘက်ခြမ်း သန်လျင်မီးပွိုင့်အနီး ပတ်ဝန်းကျင်တွင် လုံခြုံရေးရယူထားမှုကို တွေ့ရစဉ်
Published 15 November 2021

သန်လျင်တံတားအဆင်း သန်လျက်ဘက်ခြမ်း၊ သာကေတတိုင်းရင်းသားကျေးရွာအနီး မီးပွိုင့်နှင့် ထန်းတပင်တာဆုံတို့တွင် ပစ်ခတ်မှုများဖြစ်ပွားပြီး သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိဟု သတင်းများထွက်ပေါ်လျက်ရှိသည်။

သန်လျင်တံတားအဆင်း သန်လျက်ဘက်ခြမ်းနှင့် သာကေတဘက်ခြမ်း တိုင်းရင်းသားကျေးရွာအနီး မီးပွိုင့်တို့တွင် နိုဝင်ဘာ ၁၅ ရက် နံနက် ၁၁ နာရီခန့်က အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ပြင် ယင်းအပြန်အလှန်ပစ်ခတ်မှုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနက် ၁၀ ဦးခန့်ဒဏ်ရာရရှိကာ ငါးဦးခန့်သေဆုံးနိုင်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

သာကေတမြို့နယ် တိုင်းရင်းသားကျေးရွာအနီး နေထိုင်သူတစ်ဦးက “သေနတ်ပစ်သံတွေက ၁၅ ချက် အချက် ၂၀ လောက် တရစပ်ကြားရတယ်။ လာပစ်တဲ့သူတွေက ကားနဲ့လာပစ်ပြီးပြေးတော့ အနောက်ကနေ စစ်သားတွေ၊ရဲတွေက လိုက်ပစ်ကြတယ်။ ရုပ်ရှင်ထဲကလိုပဲ။ သေနတ်သံကြားတော့ ကျွန်တော်တို့လည်း လမ်းဘေးတွေမှာဆင်းပြီး ဝပ်နေကြရတယ်” ဟု ပြောကြားခဲ့သည်။

တိုင်းရင်းသားကျေးရွာအနီး မီးပွိုင့်ပစ်ခတ်မှုတွင် ယာဉ်ထိန်းရဲသုံးဦးခန့် ထိမှန်ဒဏ်ရာရဖွယ် ရှိကြောင်း၊ သန်လျင်တံတားအဆင်း သန်လျက်ဘက်ခြမ်းပစ်ခတ်မှုတွင် စစ်ဆေးရေးစခန်းများကို ပစ်ခတ်ခဲ့ကြောင်းနှင့် ၁၀ ဦးခန့် ထိမှန်ဒဏ်ရာရဖွယ်ရှိကြောင်း၊ အဆိုပါပစ်ခတ်နှစ်ခုတွင် ငါးဦးခန့် သေဆုံးဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ထို့ပြင် ထန်းတပင်မြို့နယ် တာဆုံရဲကင်းစခန်းအား မော်တော်ယာဉ်ပေါ်မှ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု နိုဝင်ဘာ ၁၅ ရက် နံနက် ၁၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း အဆိုပါမြို့နယ်နေသူများထံမှ သိရသည်။

အဆိုပါ ပစ်ခတ်မှုတွင် ရဲကင်းမှ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးခန့် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများ ရှိနိုင်ကြောင်း ကနဦးသိရပြီး အတည်ပြုချက်ရယူရန် စုံစမ်းလျက်ရှိသည်။

လူမှုကွန်ရက် Facebook ပေါ်တွင် ထန်းတပင် တာဆုံရဲကင်းဟုခေါ်သည့် နေရာအား မော်တော်ယာဉ်ပေါ်မှ သေနတ်ဖြင့် တရစပ်ပစ်ခတ်နေသည့် ဗီဒိုယိုဖိုင်တစ်ခု ပျံ့နှံလျက်ရှိသည်ကို တွေ့ရသည်။

Most Read

Most Recent