ထိုင်ဝမ် အနီးတွင်ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုများသည် တရားမျှတသည့် လုပ်ဆောင်ချက်ဟု တရုတ် ပြောကြား

ထိုင်ဝမ် အနီးတွင်ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုများသည် တရားမျှတသည့် လုပ်ဆောင်ချက်ဟု တရုတ် ပြောကြား
Published 13 October 2021
Ref: Reuters

တောင်တရုတ်ပင်လယ်တွင် ကင်းလှည့်ရန် လေယာဉ်ပြေးလမ်းမှပျံတက်နေသည့် တရုတ်၏ Su-30 တိုက်လေယာဉ်နှစ်စင်းကို အမည်မသိရသည့်နေရာတစ်ခုတွင် တွေ့ရစဉ်

ထိုင်ဝမ်အနီးတွင်ပြုလုပ်သည့် တရုတ်၏ စစ်ရေးလေ့ကျင့်မှုများသည် ထိုင်ဝမ်၏ လွတ်လပ်ရေးကို မြှင့်တင်ပေးနေသည့် အင်အားစုများကို ပစ်မှတ်ထားခြင်းဖြစ်ပြီး  ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်ရန် တရားမျှတသည့် လုပ်ဆောင်ချက်ဖြစ်သည်ဟု  တရုတ်၏ ထိုင်ဝမ်ရေးရာရုံးက အောက်တိုဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းစစ်ရေးလေ့ကျင့်မှုများသည် ပြည်ပ အင်အားစုများ၏ ကြားဝင်စွက်ဖက်မှုကို ရည်ရွယ်ခြင်းလည်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ထိုင်ဝမ်အား ၎င်း၏ ကိုယ်ပိုင်နယ်နိမိတ်ဖြစ်သည်ဟု ပြောကြားခဲ့သည့် တရုတ်နှင့် စစ်ရေးတင်းမာမှုများသည် နှစ်ပေါင်း ၄၀ ကျော်အတွင်း အဆိုးရွားဆုံး အခြေအနေသို့ရောက်ရှိနေသည်ဟု ပြီးခဲ့ သည့် သီတင်းပတ်က ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့ပြီး တရုတ်သည် ၂၀၂၅ ခုနှစ်တွင် ထိုင်ဝမ်ကို အလုံးစုံကျူးကျော်ဝင် ရောက်နိုင်စွမ်းရှိလာလိမ့်မည်ဟုလည်း ထပ် လောင်း ပြောကြားခဲ့သည်။

တရုတ်အစိုးရသည် ထိုင်ဝမ်အပေါ် စစ် ရေးဖိအားများတိုးမြှင့်သည့် ကြိုးပမ်းချက်တစ် ရက်အဖြစ် ထိုင်ဝမ်လေကြောင်းကာကွယ်ရေး ဇုန် အတွင်းသို့ လေးရက်ဆက်တိုက် စစ်လေ ယာဉ်အများအပြား စံချိန်တင်ဝင်ရောက်ပျံ သန်းခဲ့ပြီးနောက် ထိုင်ဝမ်ကာကွယ်ရေးဝန် ကြီး၏ ပြောကြားချက်ထွက်ပေါ်လာခြင်းဖြစ် သည်။

ပေကျင်းမြို့တွင်ပြုလုပ်သည့် ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း တရုတ်၏ ထိုင်ဝမ်ရေးရာ ရုံး၏ ပြောရေးဆိုခွင့်ရှိသူ မာရှောင်ကွမ်းက ထိုင်ဝမ်၏ အာဏာရပါတီ DPP သည် ပြည်ပအင်အားစုများနှင့်ပူးပေါင်းပြီး ထိုင်ဝမ်လွတ်လပ်ရေးအတွက်ကြိုးပမ်းနေ ခြင်းကြောင့် လက်ရှိ တင်းမာမှုများဖြစ်ပွား နေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် ထိုင်ဝမ်အား အမေရိကန်၏ ထောက်ပံ့ပေးမှုကို ရည်ညွှန်းသည့်အနေဖြင့် တရုတ်၏ စစ်ရေးလေ့ကျင့်မှုများသည် ယင်း ပူးပေါင်းကြံစည်မှုများနှင့် ခွဲထွက်ရေးလှုပ်ရှား မှုများကို ရည်ရွယ်ကြောင်း၊ ထိုင်ဝမ်ရေလက် ကြားတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အ ပြင် တရုတ်၏ အချုပ်အခြာအာဏာနှင့် နယ် နိမိတ်ကို ကာကွယ်ရန်ဖြစ်သည်ဟု မာက ပြောကြားခဲ့သည်။ “ဒီစစ်ရေးလေ့ကျင့်မှုတွေ ဟာ တရားမျှ တတဲ့ လုပ်ဆောင်ချက်တွေဖြစ်ပါ တယ်”ဟု ၎င်းက ဆိုသည်။

DPP အာဏာပိုင်များသည် တရုတ်ပြည်မကြီး၏ စစ်ရေးခြိမ်းခြောက်မှုနှင့်ပတ်သက်ပြီး ၀ါဒဖြန့်ပြောဆိုနေမှုသည် အမှန်နှင့်အမှား ကို မကွဲပြားဘဲ အတုအယောင်စွပ်စွဲချက် များဖြစ်သည်ဟု မာက ပြောကြားခဲ့သည်။

“တကယ်လို့ DPP အာဏာပိုင်တွေဟာ  မှားယွင်းတဲ့ အကြောင်းအရာတွေကို အလျှော့ မပေးဘဲ ဆက်ပြောနေပြီး အဲဒီပြောကြားချက် တွေကို ပြန်လည်မရုပ်သိမ်းတတ်ဘူးဆိုရင် ထိုင်ဝမ်ကို ပိုပြီး အန္တရာယ်ကြီးတဲ့အနေအထား တစ်ခုဆီ တွန်းပို့ရာရောက်ပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်သီတင်းပတ်က တရုတ်သမ္မတ နိုင်ငံထူထောင်သည့် အမျိုးသားနေ့အထိမ်း အမှတ်အဖြစ် မိန့်ခွန်းပြောကြားရာတွင် တ ရုတ်သမ္မတရှီကျင်းပင်က ထိုင်ဝမ်နှင့်ပြန်လည် ပေါင်းစည်းရေးကို ပြောကြားခဲ့သော်လည်း ထိုင်ဝမ် သမ္မတ ဆန်အင်းဝမ်ကမူ တရုတ်အား ဦးညွတ်မည်မဟုတ်ကြောင်း ပြောကြားခဲ့ သည်။                                        

Most Read

Most Recent