အယ်နီညိုအပူလှိုင်းကြောင့် ဖြစ်ပေါ် လာသော မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲခြင်းသည် သန်းနှင့်ချီသည့် ကလေးများအား အာဟာရချို့တဲ့ခြင်းနှင့်ဘဝသက်တမ်းတစ် လျှောက် ကျန်းမာရေးဆိုင်ရာ ပြဿာနာများ ဖြင့် ဝန်ပိနေစေနိုင်သည်ဟု သုတေသီများက အောက်တိုဘာ၁၂ ရက်တွင် ပြောကြားခဲ့ပြီး ကြိုတင်ခန့်မှန်းနိုင်သော ရလဒ်များမဖြစ်ပွား စေနိုင်ရန် အရေးတယူဆောင်ရွက်မှုများလုပ် ဆောင်ကြရန်သုတေသီများကတိုက်တွန်း ပြောကြားခဲ့သည်။
အယ်နီညိုသည် အခါအားလျော်စွာပေါ် ပေါက်လာသော ဖြစ်စဉ်ဖြစ်ပြီး ယင်းသည် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပုံစံများအပေါ် သက်ရောက်မှုရှိပြီး နှစ်အနည်းငယ်တိုင်းတွင် ဖြစ်ပေါ်လေ့ရှိသည်။အရှေ့ပိုင်း ပစိဖိတ်သမုဒ္ဒ ရာရေပြင်တွင် ပုံမှန်မဟုတ်သည့် ပူနွေးမှုများ ဖြစ်ပေါ်လာသည့်အခါ ဒေသအချို့တွင်မိုး သည်းထန်စွာ ရွာသွန်းနိုင်သော်လည်းအခြား ဒေသများတွင် အတော်အတန်မိုးခေါင်နိုင် သည်။
အမေရိကန်အခြေစိုက် သုတေသီများ က ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံးရှိ ကလေးတစ် သန်းကျော်အတွက်နှစ်ပေါင်း ၄၀ ကြာစုဆောင်း ရရှိထားသော အချက်အလက်များကိုလေ့လာ စိစစ်မှု ပြုလုပ်ခဲ့ပြီး အယ်နီညိုရာသီဥတု ဖြစ် စဉ်ကြုံတွေ့သောနှစ်များနှင့်အယ်နီညို ဖြစ် စဉ်မ ကြုံတွေ့သည့်နှစ်ကာလအခြေအနေအ တွင်း ကလေးများ၏ ကိုယ်အလေးချိန်များ ကိုနှိုင်းယှဉ်လေ့လာခဲ့သည်။
လေ့လာတွေ့ရှိချက်အရ ကလေးများ၏ ၂၀ ရာခိုင်နှုန်းခန့် ပုံမှန်ကိုယ်အလေးချိန် အောက် အလွန်အမင်း လျော့ကျသည့် ကမ္ဘာ့ တစ်စိတ်တစ်ဒေသဖြစ်သော အပူပိုင်းဒေသ တစ်ဝန်းတွင်ပူပြင်းခြောက်သွေ့သည့် အယ်နီ ညိုရာသီဥတုအခြေအနေသည် ယင်းဒေသရှိ ကလေးများကို အာဟာရချို့တဲ့မှု ပိုမိုမြင့်တက် စေခဲ့သည်ဟု ဆိုသည်။
အဓိကအချက်မှာ အယ်နီညိုရာသီဥတု ဖြစ်စဉ်ပြီးနောက် ကလေးများ၏ကိုယ်အလေး ချိန် ပြန်လည်ဖွံ့ဖြိုးလာဖွယ်ရှိသည့်အချိန် တွင် ယင်းဖြစ်စဉ်ကြောင့် ပေါ်ပေါက်လာ သော ၎င်းင်းတို့၏အာဟာရအပေါ် တုန်လှုပ် ခြောက်ခြားမှုဖြစ်စဉ်သည် ကလေးများအား နှစ်ပေါင်းများစွာကြာ ကြီးထွားမှုကို တန့်နေ စေသည်ဟု ဆိုသည်။
အယ်နီညိုရာသီဥတုကြောင့်ကလေး များအာဟာရချို့တဲ့မှုနှုန်းသည် ကိုရိုနာဗိုင်း ရပ်စ် ကပ်ရောဂါကာလအတွင်း မြင်တွေ့ရ သည့် ကလေးများ အာဟာရချို့တဲ့မှုနှုန်းထက် သုံးဆပိုမိုမြင့်မားကြောင်း သုတေသီများက တွေ့ ရှိခဲ့သည်ဟု Nature Communications ဂျာနယ်တွင် ရေးသားခဲ့သည်။
“ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ကပ်ရောဂါအ တွက် ပြင်ဆင်ထားဖို့က အလွန်ခက်ခဲခဲ့ပါ လိမ့်မယ်။ဒါပေမဲ့ အယ်နီညိုရာသီဥတုဖြစ်စဉ် တွေနဲ့တူတူပါပဲလို့တော့ ကျွန်တော်တို့မပြော နိုင်ပါဘူး။ ဒီရာသီဥတုဖြစ်စဉ်တွေဟာကလေး တွေရဲ့ ကာလကြာရှည် ကြီးထွားနှုန်းနဲ့ကျန်း မာရေးအပေါ် ပိုမိုကြီးမားတဲ့သက်ရောက်မှု ရှိနေပါတယ်”ဟု သုတေသီ အမီယာ ဂျီနာက ပြောကြားခဲ့သည်။
အထူးသဖြင့် အယ်နီညိုအားကောင်း သည့် ၂၀၁၅ ခုနှစ်တွင် နောက်ထပ်ကလေး ခြောက်သန်းသည် အာဟာရချို့တဲ့မှုခံစားခဲ့ ရကြောင်း သုတေသီအဖွဲ့ကတွေ့ရှိခဲ့သည်။
အယ်နီညိုနှစ်များကြောင့် ကမ္ဘာလုံးဆိုင် ရာအပူချိန်တိုးမြင့်နေမည်ဆိုရင် ပူပြင်းခြောက် သွေ့သည့်ဒေသများသည် ပိုမိုပူပြင်းခြောက်သွေ့ခြင်းရှိ၊မရှိရှင်းလင်းစွာမသိရကြောင်းသုတေသီများက ဆိုသည်။
Ref: AFP














