မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့တွင် အသက် ၁၈ နှစ်နှင့် အထက် ပြည်သူများအား ပထမအကြိမ် တတိယအသုတ်အဖြစ် COVID-19 ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း မိုးကုတ်မြို့နယ် COVID-19 ကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
မိုးကုတ်မြို့တွင် အသက် ၁၈ နှစ်နှင့် အထက် ပြည်သူများအား ပထမအကြိမ် COVID-19 ကာကွယ်ဆေးထိုးနှံပေးမှုကို မိုးလုံလေလုံအားကစားခန်းမ ၊ မဟာမုနိဘုရားဝင်း၊ မဏိရတနာခန်းမ၊ သဖန်းပင်အထက်တန်းကျောင်း နှင့် ပန်းမတရုတ်ဘုံကျောင်းခန်းမတို့၌ အောက် တိုဘာ ၉ ရက်နှင့် ၁၀ ရက်များတွင် တန်းစီဝင် စနစ်ဖြင့် တစ်နေ့လျှင် လူဦးရေ ၂၅၀၀ အား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း မိုးကုတ်မြို့ နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်တစ်ဦးက ပြောကြားသည်။
“ကျွန်တော်တို့ မြို့နယ်က ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံမှု အားကောင်းတဲ့ဒေသ ဖြစ်နေတော့ ကျန်တဲ့မြို့နယ်တွေက ဆေးထိုး နားပြီးဆိုရင် ဆေးလက်ကျန်ကို မိုးကုတ်မြို့ နယ်အတွက် ထပ်ပေးပါတယ်။ အောက်တို ဘာ ၈ ရက်က ဆေးအလုံး ၅၀၀၊ ဆေးတစ်လုံး လူငါးယောက်စာဆိုတော့ လူဦးရေ ၂၅၀၀ စာရတယ်။ နောက်တစ်ရက်ကျလည်း ဆေး အလုံး ၅၀၀ ထပ်ပေးတော့ နှစ်ရက်အတွင်း ဆေးအလုံးရေ ၁၀၀၀ ရရှိ ပါတယ်။ လူ ၅၀၀၀ စာ ရပါတယ်။ ဆေးထိုးစင်တာ ငါးခုဖွင့်လှစ်ပြီး စင်တာတစ်ခုကို တစ်နေ့ လူဦးရေ ၅၀၀ ထိုး ပေးပါတယ်”ဟု ၎င်းက ပြောကြားသည်။
မိုးကုတ်မြို့နယ်တွင် COVID-19 ရော ဂါကာကွယ်ဆေးထိုးနှံပြီးစီးခဲ့သူ ရဟန်း၊ သာမ ဏေ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်အပါအဝင် စုစု ပေါင်း လေးသောင်းဝန်းကျင် ရှိပြီဖြစ်ကြောင်း နှင့် မိုးကုတ်မြို့နယ်တွင် ကိုဗစ်တတိယလှိုင်း ကာလအတွင်း မိုးကုတ်မြို့နယ် ပြည်သူ့ဆေး ရုံကြီးနှင့် စံတော်ဝင်ကုသရေးစင်တာတို့၏ စစ်ဆေးပေးမှုအရ COVID-19 ရောဂါပိုး ရှိသူ ၇၅၀ ရှိပြီး သေဆုံးလူနာ ၆၃ ဦးရှိကြောင်း သိရသည်။















