မြန်မာနိုင်ငံ၌ အောက်တိုဘာ ၈ ရက်နေ့အထိ COVID-19 ကာကွယ်ဆေးထိုးနှံမှုရရှိသူ စုစုပေါင်း ၉ ဒသမ ၅၇၄ သန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာ နမှသိရသည်။
အောက်တိုဘာ ၈ ရက်အထိ COVID-19 ကာကွယ်ဆေးနှစ်ကြိမ်ပြည့် ထိုးနှံပြီးစီးသည့် လူဦးရေ ၄၀၈၃၃၃၇ ဦး(၄ ဒသမ ၀၈၃ သန်း)၊ တစ်ကြိမ်ထိုးနှံပြီးသည့် လူဦးရေ ၅၄၉၁၀၅၆ဦး(၅ ဒသမ ၄၉ သန်း)၊ ထိုးနှံပြီးစီးသည့် လူဦးရေ စုစုပေါင်း ၉၅၇၄၃၉၃ ဦး(၉ ဒသမ ၅၇၄ သန်း)နှင့် ကာကွယ်ဆေးအကြိမ်ရေစုစုပေါင်း ၁၃ သန်းကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။
အောက်တိုဘာ ၉ ရက်နေ့အထိ ကာကွယ်ဆေးများရောက်ရှိလာမှုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူထားသော COVISHIELD (၂)သန်း၊ Sinoph arm (၁၄)သန်း၊ Sinovac (၂)သန်း စုစုပေါင်း (၁၈) သန်း အကြိမ်ရေရောက်ရှိပြီးဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ လှူဒါန်းသည့် COVID-19 ရောဂါကာကွယ်ဆေး Doses (၆)သန်းကျော် အားလည်း လက်ခံရရှိပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာမှသိရသည်။
ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm ကာကွယ်ဆေး ၂၄ သန်းစာ စာချုပ်ချုပ်ဆို ဝယ်ယူထားပြီး ကာကွယ်ဆေးများရောက်ရှိလာပါက လူဦးရေ ၁၂ သန်းကို ယခုနှစ်အတွင်း ထိုးနှံပေးမည်ဖြစ်ပြီး အသက် ၄၀ မှ ၆၄ နှစ်အတွင်း လူအုပ်စုများပါဝင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။
ထိုသို့ ဝယ်ယူချုပ်ဆိုထားသည့် ၂၄ သန်းအနက် ကာကွယ်ဆေးစုစုပေါင်း မြန်မာနိုင်ငံသို့ ၁၂သန်း ရောက်ရှိထားပြီးဖြစ်သည်။
လက်ရှိထိုးနှံနိုင်မှုသည် ကာကွယ်ဆေးထိုးရမည့် ရည်မှန်းဦးရေ အသက် ၁၈ နှစ်အထက် ၃၆ ဒသမ ၉ သန်းရှိပြီး ယင်း ၃၆ ဒသမ ၉ သန်းတွင် တစ်ကြိမ်ထိုးပြီး၊ နှစ်ကြိမ်ထိုးပြီး ထိုးနှံပြီးသည့် လူဦးရေ ၉ ဒသမ ၅၇၄သန်းရှိပြီး ထိုးနှံပြီးစီးသည့် ရာခိုင်နှုန်းအနေဖြင့် ၁၅ ရာခိုင်နှုန်းခန့်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ထို့ပြင် စက်တင်ဘာ ၁၄ မှစ၍ ဦးတည်အုပ်စုများ ထပ်မံတိုးချဲ့၍ COVID-19 ရောဂါကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ ထပ်မံတိုးချဲ့ထိုးနှံရာတွင် ပါဝင်အသက် ၅၅ နှစ်နှင့်အထက် ပြည်သူလူထု၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ တပ်ဖွဲ့ဝင်နှင့်မိသားစုင်များ၊ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများမှ ပြည်သူလူထု၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများကို ထိုးနှံ့ပေးလျက်ရှိကြောင်း သိရသည်။
ရရှိလာသည့် COVID-19 ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံမှုရရှိထားသူများအနေ ဖြင့်လည်း ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလအတွင်းတွင် နီးစပ်ရာကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာ ကွယ်ဆေးထိုးလုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်















