◘ ပရီးမီးယားလိဂ် ပွဲစဉ်(၄) ပွဲကြိုသုံးသပ်ချက်
အဲဗာတန် - ဘန်လေ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် နံနက် ၁း၃၀ နာရီ)
ဘင်နီတက်ဇ်နဲ့ အဲဗာတန်ကလည်း မှန်မှန်လေး ခရီးနှင်နေတယ်။ (၃)ပွဲမှာ (၇) ဂိုးသွင်းခဲ့တာ၊ (၇)မှတ်ယူခဲ့တာတွေက ချီးကျူးစရာပါ။ ကစားထားတဲ့ ပြိုင်ဘက်တွေကလည်း ဆောက်သမ်တန်၊ လိဒ်စ်၊ ဘရိုက်တန်တို့လိုအသင်းကောင်းတွေဖြစ်ပြီး (၃)ပွဲစလုံးတောင် နိုင်သင့်တဲ့အနေအထားရှိခဲ့တယ်။ ဘန်လေက အားရစရာသိပ်မရှိသေးပါဘူး။ အဲဗာတန်ပဲ နိုင်ပွဲယူလိမ့်မယ်။
◘ စီးရီးအေ ပွဲစဉ်(၃) ပွဲကြိုသုံးသပ်ချက်
ဘိုလော့ဂ်နာ - ဗီရိုနာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် နံနက် ၁း၁၅ နာရီ)
နည်းပြ မီဟိုင်းလိုဗစ်ချ်ရဲ့ ဘိုလော့ဂ်နာက ရာသီအစရလဒ်ကောင်းတွေ ဖန်တီးပြထားတယ်။ ဗီရိုနာက မနှစ်ကမာဂုဏ်မျိုး ပြန်လည်မတည်ဆောက်နိုင်သေးသလို၊ ခံစစ်ကလည်း ပေးဂိုးများနေတယ်။ ပုံမှန်အတိုင်းဆိုရင် ဘိုလော့ဂ်နာ နိုင်မှာပါ။