အခြေအနေအရပ်ရပ်ကို ချိန်ထိုး ကြည့်ရင်ရိုးမားဟာ မော်ရင်ဟိုအတွက်ဆုဖလား တွေပြန်လည်ရယူနိုင်ဖို့၊ ခမ်းနားတဲ့အခိုက်အတန့် တွေပြန်လည်ဖန်တီးနိုင်ဖို့ အသင့်ဖြစ်နေတဲ့အ သင်းမဟုတ်ဘူးဆိုတာသေချာပါတယ်။ ဒါပေမဲ့ တစ်ဖက်ကပြန်တွေးရင်တော့ ဒီအချက်ပဲ မော်ရင် ဟိုကို ဖိအားပြန်လျော့စေနိုင်တယ်ဆိုတာပါပဲ။ ရိုးမားနည်းပြရာထူးကို လက်ခံကတည်းက မော် ရင်ဟိုဟာ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ပုံမှန်ရ ရှိစေဖို့နဲ့ အသင်းရဲ့ဟန်ချက်ကို ပြန်လည်ထိန်း ကျောင်းပေးဖို့ဆိုတဲ့ စကားလုံးသဘောတူညီချက် တွေရှိပါတယ်။ ရိုးမားအသင်းနဲ့သက်ဆိုင်သူတွေ အားလုံးကလည်း မော်ရင်ဟိုလိုနည်းပြရောက် လာတယ်ဆိုပြီး စကူဒက်တိုချန်ပီယံဆုကြီးကို ချက်ချင်းမျှော်လင့်တာထက် အသင်းကို တဖြည်း ဖြည်းပုံရိပ်တစ်ခု၊ ဟန်ချက်တစ်ခုနဲ့တည်ဆောက် ပြီးမှ အောင်မြင်မှုဆီပြန်လည်ဦးတည်မယ့် အဖြစ် သင့်ဆုံးအခြေအနေကိုပဲ မျှော်လင့်မှာပါ။ ဖိအား ကိုယ်စီ၊ ကျရှုံးမှုကိုယ်စီရှိနေတဲ့ အသင်းနဲ့နည်းပြ တို့ရဲ့ ပေါင်းစည်းမှုကနေ တွန်းကန်ထွက်လာမယ့် အောင်မြင်ခြင်းစွမ်းအင်တွေကိုပဲ မျှော်လင့်ပါလိမ့် မယ်။ မော်ရင်ဟိုကိုယ်တိုင်ကလည်း ရိုးမားအ သင်းနဲ့ သဘောတူညီမှုရပြီးချိန်မှာ ဆုဖလားတွေ ရဖို့အာမခံပေးတာမျိုးမဟုတ်ဘဲ ရိုးမားကို ရိုးမား ပြန်ပီသစေရမယ်ဆိုတဲ့ စကားလုံးမျိုးနဲ့ ပရိသတ် ရဲ့ယုံကြည်မှုကို မျှားယူခဲ့တာပါ။
မော်ရင်ဟို၊ရိုးမားနဲ့ မျှော်လင့်ခြင်းလမ်း
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
13 hours ago
13 hours ago
13 hours ago
13 hours ago