ရေတိုကုစားမှုတွေနဲ့ ကျားကန်ဖြတ်သန်းခဲ့တာက သူ့အတိုင်းအတာနဲ့သူ အောင်မြင်မှုရတယ်လို့ သတ်မှတ်နိုင်ပေမဲ့ ပရိသတ်တွေရဲ့ မြင့် မားလာတဲ့ တောင်းဆိုမှုတွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက်ဆိုရင်တော့ ထိပ်တန်းတိုက်စစ်မှူး ခေါ်ယူနိုင်ဖို့ လိုလာပါပြီ။ ဖာဂူဆန်ခေတ်လွန်ကာလ ကျဆင်းသွားခဲ့ရတဲ့ အသင်းရဲ့အရှိန်အဝါကို ပြန်လည်မြှင့်တင်နိုင်ဖို့လည်း လိုနေပါပြီ။ နည်းပြ ဆိုးလ်ရှားလက်ထက် မန်ယူအသင်းရဲ့ လက်ရှိအနေအထားက အရင်ထက် ခေါင်းပြန်မော့လာချိန်လို့ ဆိုနိုင်ပါတယ်။ ဒီအချိန်မှာ အားစိုက်တွန်းတင်လိုက်ရင် နေရာမှန်ကို ပြန်ရောက်နိုင်မယ့် အလားအလာရှိနေပြီး ဒီလိုမလုပ်နိုင်ခဲ့ရင် မန်စီးတီး၊ လီဗာပူးလ်တို့ရဲ့ အင်အားကြီးထွားလာမှုကို လိုက်မမီ အောင် ဖြစ်သွားနိုင်ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲ က ပြိုင်ဆိုင်မှုပြင်းထန်ပြီး ချန်ပီယံဆုအတွက် မှန်းဆရခက်တယ်ဆိုပေမဲ့ အားဖြည့်မှု ပိုလုပ်နိုင် တဲ့ အသင်းကတော့ ပိုပြီးမျှော်လင့်ချက်ရှိတာပါပဲ။ ပြီးတော့ အပြိုင်အဆိုင် အားဖြည့်နိုင်တဲ့အသင်း တွေကြား ခြေတစ်လှမ်းနောက်ကျလိုက်တာနဲ့ ပြတ်ကျန်ခဲ့နိုင်တဲ့ အခြေအနေလည်း ရှိနေပါ တယ်။ တစ်ချိန်က ချန်ပီယံဆုအတွက် အကောင်း ဆုံးစိန်ခေါ်နိုင်ခဲ့တဲ့ အာဆင်နယ်အသင်း ချွေတာ ရေးလမ်းစဉ်နဲ့အတူ ပြိုင်ဘက်တွေရဲ့ နောက် တဖြည်းဖြည်းရောက်သွားခဲ့တာက သက်သေပါပဲ။
ဆန်ချိုပြီးတော့ ဘယ်သူလဲ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
13 hours ago
13 hours ago
13 hours ago
13 hours ago