ပုလဲမြို့နယ်တွင် လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာအချို့ရှိ လူနေအိမ် အများအပြား ထိခိုက်ပျက်စီး

ပုလဲမြို့နယ်တွင် လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာအချို့ရှိ လူနေအိမ် အများအပြား ထိခိုက်ပျက်စီး
Published 2 May 2021

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ်တွင် မေလ ၁ ရက် ညပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာအချို့ရှိလူနေအိမ် အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

"လက်တောင်းကြီး စံပြကျေးရွာကတော့ တစ်ရွာလုံးနီးပါး ထိခိုက်ပျက်စီးတယ်။သံတိုင်တွေနဲ့ ဆောက်ထားတဲ့အိမ်တွေတောင် ပြားပြီး ပျက်စီးတာ။လူနဲ့တိရစ္ဆာန်တွေကတော့ သေတာ လက်တလော

မကြားမိသေးဘူး။အချို့အိမ်တွေဆိုရင် အောက်ခြေအုတ်မြစ်တွေကနေ ကျွတ်ပြီး ပျက်စီးတာလည်း ရှိတာပဲ။ပုလဲမြို့နယ်အဝင်လမ်း တစ်လျှောက်မှာလည်း သစ်ပင်တွေ ပြိုလဲကျတာတွေရှိတယ်။ အချို့ရွာတွေဆိုရင် တစ်ရွာလုံး ပျက်စီးတာတွေရှိတယ်"ဟု ပုလဲမြို့နယ် လက်တောင်းကြီးစံပြကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ပုလဲမြို့နယ်တွင် မေလ ၁ ရက် ညပိုင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ကျေးရွာများမှာ လက်တောင်းကြီးစံပြကျေးရွာ၊ ကြူခြံကျေးရွာ၊ ရိုးကျေးရွာ ခေါ် သံဏီကျေးရွာ၊ မင်းမအနောက်ကျေးရွာ တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့်  ပုလဲမြို့နယ်တွင် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှု ကနဦးသတင်းများအရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ယင်းမာပင်၊ကနီ၊ပုလဲ၊ဆားလင်းကြီး၊မင်းကင်း၊ ဘုတလင်၊ဒီပဲယင်း၊တန့်ဆည်၊ရွှေဘို၊အရာတော် စသည့်မြို့နယ်တို့တွင် နှစ်စဉ်ဆိုသလို  မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်အများအပြား ထိခိုက်ပျက်စီးမှုများ ရှိကြောင်း သိရသည်။

Most Read

Most Recent