ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ နေအိမ်တစ်လုံးတွင် ပုန်းအောင်းနေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၆၃ ဦးအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ နေအိမ်တစ်လုံးတွင် ပုန်းအောင်းနေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၆၃ ဦးအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး
Published 24 April 2026

ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ နေအိမ်တစ်လုံး တွင်ပုန်းအောင်းနေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၆၃ ဦးအား ထိုင်းအာဏာ ပိုင်များက ဖမ်းဆီးလိုက်ကြောင်း Khaosod သတင်းဌာနက ဖော်ပြသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း Phayao ခရိုင် မယ်တမ်တိုက်နယ်ရှိ နေအိမ်တစ်လုံးကို ဧပြီ ၂၃ ရက် ညနေ ၃ နာရီခွဲတွင် ထိုင်းအာဏာ ပိုင်များက ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး မြန်မာလုပ်သားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်။

စစ်ဆင်ရေးကို ခရိုင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီး ကြပ်ရေးအရာရှိများ၊ အလုပ်သမားအရာရှိ များနှင့် ဌာနတွင်းလုံခြုံရေးဝန်ထမ်းများ အပါအဝင် အေဂျင်စီပေါင်းစုံမှ အသင်းအဖွဲ့ များလည်း ပါဝင်ကြောင်း၊ အဓမ္မလုပ်အားပေး ခိုင်းစေမှုနှင့် လူကုန်ကူးမှုဆိုင်ရာ အလားအ လာရှိသော ဆက်စပ်မှုများရှိမရှိ စိစစ်နေသည် ဟု သတင်းတွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများတွင် ပအိုဝ်း၊ ရှမ်းနှင့် ကရင်အပါအဝင် မြန်မာတိုင်းရင်းသားလူ မျိုးအများအပြားပါဝင်ကြောင်း၊ အမျိုးသား ၃၃ ဦးနှင့် အမျိုးသမီး ၃၀ ပါဝင်ကာအသက် ၁၈ နှစ်အောက် အရွယ်မရောက်သေးသူ သုံးဦးလည်း ပါဝင်ကြောင်း သိရသည်။

၎င်းတို့ကို ချင်းရိုင်ခရိုင် မယ်ဆိုင်မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက် လာကြောင်း ကနဦး စစ်ဆေးမေးမြန်းမှုများ  အရ ]ဆမ်} နှင့် ]ထန်း} ဟု အမည်ရသော ပွဲစား များက ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဗန် ကောက်နှင့် ဖိစနုခရိုင်ရှိ မီးရထားလိုင်းများ ဖြင့် ခရီးဆက်ရန် နေအိမ်အတွင်း စောင့်ဆိုင်း နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊  ၎င်းင်းတို့ကို ဗင်ကားများဖြင့် အဆင့်ဆင့် ပို့ဆောင်ပေးခဲ့ ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထား သည်။

ရွှေ့ပြောင်းအလုပ်သမားများက ပွဲစား များကို တစ်ဦးလျှင် ဘတ် ၈၅၀၀ မှ ၁၀၀၀၀ ကြား ပေးဆောင်ခဲ့ကြကြောင်း၊ အချို့မှာ နယ် စပ်ဖြတ်ကျော်ခွင့်လက်မှတ်များကိုင်ဆောင် ထားသော်လည်း ထိုင်းနိုင်ငံအတွင်း တရား ဝင်ဝင်ရောက်ခွင့် အထောက်အထားများမရှိ  ကြောင်း သတင်းတွင် ဖော်ပြထားသည်။

အရွယ်ရောက်ပြီးသူအားလုံးကို တရား မဝင်ဝင်ရောက်မှုဖြင့် အမှုဖွင့်အရေးယူထား ကာ မိုင်းဖအိုမြို့မရဲစခန်းတွင် စုံစမ်းစစ်ဆေး ရေးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရ သည်။

အရွယ်မရောက်သေးသူ သုံးဦးကို ခရိုင် ကလေးငယ်များနှင့် မိသားစု စောင့်ရှောက်ရေး စင်တာသို့ လွှဲပြောင်းပေးမည်ဖြစ်ပြီး လူကုန် ကူးမှုဆိုင်ရာ ဖြစ်စဉ်များရှိမရှိ စစ်ဆေးရန် စီစဉ်နေသည်ဟု သတင်းတွင် ဆက်လက် ရေးသားထားသည်။

Most Read

Most Recent