ဘဏ်ငါးခု၏ အွန်လိုင်း ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများကို မိုဘိုင်းအင်တာနက်ဖြင့် စတင်ပေးအပ်နေပြီဖြစ်ပြီး တိုးမြှင့်ဆောင်ရွက်ပေးနိုင်မည့် ဝန်ဆောင်မှုများကို ထပ်မံကြေညာမည်ဟု ဗဟိုဘဏ်ထုတ်ပြန်

ဘဏ်ငါးခု၏ အွန်လိုင်း ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများကို မိုဘိုင်းအင်တာနက်ဖြင့် စတင်ပေးအပ်နေပြီဖြစ်ပြီး တိုးမြှင့်ဆောင်ရွက်ပေးနိုင်မည့် ဝန်ဆောင်မှုများကို ထပ်မံကြေညာမည်ဟု ဗဟိုဘဏ်ထုတ်ပြန်
Published 30 April 2021

ဘဏ်ငါးခု၏ အွန်လိုင်း ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများကို မိုဘိုင်းအင်တာနက်ဖြင့် စတင်ပေးအပ်နေပြီဖြစ်ပြီး တိုးမြှင့် ဆောင်ရွက်ပေးနိုင်မည့် ဝန်ဆောင်မှုများကို ထပ်မံကြေညာမည်ဟု ဗဟိုဘဏ်က ထုတ်ပြန်သည်။

ဧပြီ ၂၉ ရက် ညပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံပိုင်ရုပ်သံများမှတစ်ဆင့် ကြေညာခဲ့ခြင်းဖြစ်ပြီး မိုဘိုင်းအင်တာနက်ဖြင့် ဝန်ဆောင်မှုပေးနိုင်သည့် ဘဏ်ငါးခုမှာ ဧရာဝတီ၊ ကမ္ဘောဇ၊ အင်းဝ၊ CB နှင့် ဧရာဝတီ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်တို့ ဖြစ်သည်။

အင်တာနက် ယာယီပြတ်တောက်နေစဉ် ကာလအတွင်း ဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်သူများ၏ အင်တာနက် အသုံးပြု၍ ဆောင်ရွက်ရသည့် ငွေရေးကြေးရေးဆိုင်ရာ System များ၊ Application များကို ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းခဲ့သည်ဟု ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုဘိုင်းအင်တာနက်ဖြင့် အသုံးပြုနိုင်သည့် အွန်လိုင်း ဝန်ဆောင်မှုများမှာ Mobile Banking ၊ Internet Banking ၊ Mobile Top-up ၊ Other Cards Top-up ၊ Bill Payment များ၊ Visa ၊ Master ၊ Credit Card Payment ၊ MPU Cards ၊ All ATMs ၊ Bank Pay များမှ Account to Account Transfer ၊ Wallet to Wallet ၊ Bank to Wallet ၊ Wallet to Bank ၊ CBM Net  ၏ CCT Function စသည့် ဝန်ဆောင်မှုများကို အများပြည်သူများအတွက် ဧပြီ ၂၈ ရက်မှစပြီး ဝန်ဆောင်မှုပေးနေပြီ ဖြစ်ကြောင်း၊ တိုးမြှင့် ဆောင်ရွက်ပေးနိုင်မည့် ဘဏ်များနှင့် မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ၏ ဝန်ဆောင်မှုများကိုလည်း ထပ်မံ အသိပေးသွားမည် ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

Most Read

Most Recent