CDM လှှုပ်ရှားမှုတွင် ပါဝင်သည်ဟုဆိုကာ ပညာရေးဌာနမှ ကထိက ခုနှစ်ဦး အပါအဝင် ပညာရေးဝန်ထမ်း ၁၀ ဦးအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်း ဧပြီ ၂၉ ရက် ည ၈ နာရီတွင် နိုင်ငံပိုင်သတင်းဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
အမှုဖွင့်ခံထားရသူများမှာ မန္တလေးတက္ကသိုလ်မှ ကထိက ဒေါက်တာ အောင်မွန်သက်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဦးသန်းထိုက်အောင်၊ တောင်ကြီးတက္ကသိုလ်မှ ဦးမြင့်ထွေး၊ ဟင်္သာတ တက္ကသိုလ်မှ ဦးကျော်မင်းထိုက်၊ မိတ္တီလာတက္ကသိုလ်မှ ဒေါက်တာဦးပု၊ ရန်ကုန်တက္ကသိုလ်မှ ကထိက ဦးတင်အောင်မိုးနှင့် ဦးသန်းလွင်ဦး၊ တောင်ငူတက္ကသိုလ်မှ လက်ထောက်ကထိက ဦးဇော်ဇော်အောင်၊ ဟင်္သာတမြို့ နည်းပညာတက္ကသိုလ်မှ ဌာနမှူး စီမံ/ဘဏ္ဍာ မှ ဒေါက်တာဇော်ဇော်ထက် နှင့် မိတ္တီလာတက္ကသိုလ်မှ ဒေါက်တာ သက်သက်အောင်တို့အား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
အလားတူ CDM လှှုပ်ရှားမှုတွင် ပါဝင်သည့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များနှင့် အခြားပါဝင် ပတ်သတ်သူ စုစုပေါင်း ၂၀ ဦးအား ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် ထပ်မံအမှုဖွင့်ထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။















