ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၁၇၈၀ ဝန်းကျင် ဖြစ်ပေါ်ပြီး ပြည်တွင်း ရွှေစျေးနှုန်း ကျပ် ၁၄၅၀၀၀၀ ဝန်းကျင်အထိ စံချိန်တင် မြင့်တက်

ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၁၇၈၀ ဝန်းကျင် ဖြစ်ပေါ်ပြီး ပြည်တွင်း ရွှေစျေးနှုန်း ကျပ် ၁၄၅၀၀၀၀ ဝန်းကျင်အထိ စံချိန်တင် မြင့်တက်
ရန်ကုန်မြို့ရှိ ရွှေအရောင်းဆိုင် တစ်ခုတွင် ရောင်းချနေမှုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ရွှေအရောင်းဆိုင် တစ်ခုတွင် ရောင်းချနေမှုကို တွေ့ရစဉ်
Published 21 April 2021

၂၀၂၁ ခုနှစ် ဧပြီ ၂၁ ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၇၈၀ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး ပြည်တွင်း ရွှေစျေးနှုန်း ကျပ် ၁၄၅၀၀၀၀ ဝန်းကျင်ထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

“သင်္ကြန်တွင်း ပိတ်ရက်တွေနဲ့ ဆိုင်တွေအားလုံး ပိတ်ထားတာ ဒီနေ့ (ဧပြီ ၂၁) မှ ဆိုင်တွေ ပြန်ဖွင့်တာပါ။ ဒီနေ့စျေးကတော့ ၁၄၅၀၀၀၀ ဝန်းကျင်နှုန်းနဲ့ စျေးဖွင့်ပါတယ်။ အရောင်းအဝယ်ကတော့ ဝယ်သူတွေလည်း ရှိသလို၊ ပြန်ရောင်းသူတွေလည်း ရှိပါတယ်” ဟု အောင်သမာဓိရွှေဆိုင် (ရန်ကုန်) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပြည်တွင်း ရွှေစျေးနှုန်းသည် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်၌ ဖြစ်ပေါ်ခဲ့သော ကျပ် ၁၀၄၇၇၀၀ စံချိန်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ကျပ် ၁၀၄၈၅၀၀ ဖြင့် ကျော်ဖြတ်ခဲ့ပြီး စံချိန်သစ်များ ဆက်တိုက် တင်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် ကျပ် ၁၀၆၃၀၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် ရွှေစျေးများ ဆက်လက် မြင့်တက်ခဲ့ရာ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀ အထိ၊ ၂၀၁၉ ခု နှစ် ဇွန် ၂၀ ရက်တွင် ကျပ် ၁၁၀၁၀၀၀ အထိ၊ ဇူလိုင် ၁၁ ရက်တွင် ကျပ် ၁၁၃၆၀၀၀ အထိ၊ ဇူလိုင် ၂၅ ရက်တွင် ကျပ် ၁၁၅၀၀၀၀ အထိ မြင့်တက်ခဲ့သည်။ သြဂုတ်လအတွင်းတွင်လည်း စံချိန်သစ်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး သြဂုတ် ၃ ရက်တွင် ကျပ် ၁၁၅၄၉၀၀၊ သြဂုတ် ၇ ရက်တွင် ကျပ် ၁၂၀၃၀၀၀၊ သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ သြဂုတ် ၂၆ ရက်တွင် ကျပ် ၁၂၄၉၀၀၀၊ သြဂုတ် ၂၉ ရက်တွင် ကျပ် ၁၂၆၃၀၀၀၊ စက်တင်ဘာ ၄ ရက်တွင် ကျပ် ၁၂၈၂၀၀၀၊ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀ အထိ စံချိန်သစ်များ တင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ၁၁ လအကြာ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၅ ရက်တွင် ကျပ် ၁၃၁၈၀၀၀၊ သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀ ဖြင့် ယခင်စံချိန်များကို ကျော်လွန်၍ စံချိန်ထပ်တင်ခဲ့သည်။ ယင်းနောက် ငါးလအကြာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက် တွင် ကျပ် ၁၃၃၆၀၀၀၊ ဖေဖော်ဝါရီ ၃ ရက်တွင် ကျပ် ၁၄၁၁၀၀၀ ဖြင့် စံချိန်သစ် ထပ်တင်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ်မှစ၍ ၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင် စျေးနှုန်းများ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်တွင် ကျပ် ၁၄၁၁၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်း ကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်း ဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်တွင် ကျပ် ၁၄၁၁၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့သည်။

ပြီးခဲ့သည့် ခြောက်လအတွင်း လအလိုက် အနိမ့်ဆုံးနှင့် အမြင့်ဆုံး ရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် သြဂုတ်တွင် ကျပ် ၁၂၇၅၀၀၀ -၁၃၃၅၅၀၀၊ စက်တင်ဘာတွင် ကျပ် ၁၂၉၈၀၀၀-၁၃၂၀၀၀၀၊ အောက်တိုဘာတွင် ကျပ် ၁၃၀၇၅၀၀-၁၃၁၉၀၀၀၊ နိုဝင်ဘာတွင် ကျပ် ၁၂၆၆၇၀၀-၁၃၁၈၀၀၀၊ ဒီဇင်ဘာတွင် ကျပ် ၁၂၇၅၀၀၀-၁၃၃၃၀၀၀၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ကျပ်  ၁၃၁၆၅၀၀- ၁၃၃၆၀၀၀ ဖြစ်သည်။ လအလိုက် ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံး ကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ၁၅၄၉-၁၆၅၉ ဒေါ်လာ၊ မတ်တွင် ၁၄၆၇-၁၆၇၃ ဒေါ်လာ၊ ဧပြီတွင် ၁၅၆၈-၁၇၂၉ ဒေါ်လာ၊ မေတွင် ၁၆၈၃-၁၇၄၈ ဒေါ်လာ၊ ဇွန်တွင် ၁၆၈၀-၁၇၇၉ ဒေါ်လာ၊ ဇူလိုင်တွင် ၁၇၆၉-၁၉၇၅ ဒေါ်လာ၊ သြဂုတ်တွင် ၁၈၅၉-၂၀၇၅ ဒေါ်လာ၊ စက်တင်ဘာတွင် ၁၈၄၈-၁၉၇၅ ဒေါ်လာ၊ အောက်တိုဘာတွင် ၁၈၅၈- ၁၉၃၃ ဒေါ်လာ၊ နိုဝင်ဘာတွင် ၁၇၆၄- ၁၉၆၆ ဒေါ်လာ၊ ဒီဇင်ဘာတွင် ၁၇၇၆-၁၉၀၆ ဝန်းကျင်၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၈၀၃-၁၉၅၈ ဒေါ်လာ ဖြစ်ပေါ်ခဲ့ပြီး ကွာဟချက် ဒေါ်လာ ၄၀ ဝန်းကျင်မှ ဒေါ်လာ ၂၀၀ ကျော်အထိ ရှိခဲ့သည်။