■ ဒဏ်ရာကြောင့်အနားယူခဲ့ရသည့် မတ်လအတွက် လစာမယူရန် မန်ဇူကစ် ဆုံးဖြတ်ခဲ့ပြီး မီလန်ဖောင်ဒေးရှင်းသို့ လှူဒါန်း

■ ဒဏ်ရာကြောင့်အနားယူခဲ့ရသည့် မတ်လအတွက် လစာမယူရန် မန်ဇူကစ် ဆုံးဖြတ်ခဲ့ပြီး မီလန်ဖောင်ဒေးရှင်းသို့ လှူဒါန်း
Photos: AC Milan Facebook
Photos: AC Milan Facebook
Published 18 April 2021

အေစီမီလန်အသင်းဝါရင့်တိုက်စစ်မှူး မန်ဇူကစ်သည် ဒဏ်ရာပြဿနာကြောင့် အနားယူခဲ့ရသည့် မတ်လအတွက် လစာမယူရန်ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အသက်(၃၄)နှစ်ရှိပြီဖြစ်သည့် ခရိုအေးရှားတိုက်စစ်မှူး မန်ဇူကစ်သည် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ရောက်ရှိလာသူဖြစ်ပြီး (၆)လစာချုပ် ချုပ်ဆိုထားသည်။ 

သို့သော် ၎င်းသည် ခြေချင်းဝတ်နှင့် <ကက်သား ဒဏ်ရာကြောင့် (၅)ပွဲသာ ကစားခွင့်ရထားပြီး ဖေဖော်ဝါရီနောက်ပိုင်း အနားယူနေရသည်။ 

ထို့ကြောင့် မန်ဇူကစ်က မတ်လအတွက်ရရှိမည့်လစာကို မီလန်ဖောင်ဒေးရှင်းသို့လှူဒါန်းရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ 

၎င်း၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အေစီမီလန်အသင်းဥက္ကဋ္ဌ စကာရိုနီက ''ဒါက မာရီယိုမန်ဇူကစ်အနေနဲ့ သူ့ရဲ့ကျင့်ဝတ်နဲ့ ပရော်ဖက်ရှင်နယ်ပီသမှုအရ မီလန်အပေါ် လေးစားမှုထားတယ်ဆိုတာ ပြသလိုက်တာပါ''ဟု ချီးကျူးပြောကြားသည်။

Most Read

Most Recent