အနာဂတ်တွင် ဟော်လန်းကို ခေါ်ယူဖွယ်ရှိဟု ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီဖလစ်ခ် အရိပ်အမြွက် ဆို

အနာဂတ်တွင် ဟော်လန်းကို ခေါ်ယူဖွယ်ရှိဟု ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီဖလစ်ခ် အရိပ်အမြွက် ဆို
Photo: AFP
Photo: AFP
Published 10 March 2021

 

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဟန်ဆီဖလစ်ခ်က ဒေါ့မွန်လူငယ်ကြယ်ပွင့်တိုက်စစ် မှူး ဟော်လန်းကို အနာဂတ်တွင် ခေါ်ယူဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။

ဟော်လန်းသည် လာမည့်နွေရာသီတွင် ဥရောပထိပ်တန်းကလပ်များစွာ၏ ပစ်မှတ်ကစားသမားဖြစ်နေပြီး စနေနေ့က ဘိုင်ယန်မြူးနစ်အသင်းနှင့်ကစားသည့် The Klassiker ပွဲတွင်လည်း နှစ်ဂိုးသွင်းယူပေးခဲ့သည့်အပြင် မနေ့ကဆီဗီလာအသင်းနှင့် ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲတွင်လည်း နှစ်ဂိုးသွင်းယူပေးခဲ့သည်။ 

သတင်းထောက်များက အနာဂတ်တွင် ဟော်လန်းကိုခေါ်ယူရန် အစီ အစဉ်ရှိမရှိ မေးမြန်းရာ ဟန်ဆီဖလစ်ခ်က "ဘဝမှာ ဖြစ်နိုင်စရာတွေက အများကြီးပါ။ သူကဒေါ့မွန်နဲ့ကာလရှည်စာချုပ်သက်တမ်း ရှိတဲ့သူပါ။ ဒါပေမဲ့ သူက ထိပ်တန်းကလပ် များစွာကပစ်မှတ်ထားနေတဲ့ ကစားသမား တစ်ယောက်ပါ။ အရင်တုန်းကလိုပဲ ဆက်ဖြစ်နေဦးမယ်ဆိုရင်တော့ သူက ဒေါ့မွန်ကနေ ဘိုင်ယန်ကို ရောက်လာမယ့် နောက်ထပ် ထိပ်တန်းကြယ် ပွင့်တစ်ယောက်ပါ။ ဟော်လန်း သာ နောက်တစ်နေရာကိုသွားမယ်ဆိုရင် အဲဒီလိုပဲဖြစ်မှာပါ" ဟု ဖြေကြားခဲ့သည်။

Most Read

Most Recent