ခံစစ်အသင်းအဖြစ် တံဆိပ်ကပ်ခံထားရသော်လည်း ယခုရာသီ ဥရောပထိပ်သီးလိဂ်(၅)ခု၌ စပါးအသင်း ဂိုး(၁၀၀)ပြည့်သွင်းယူနိုင်သည့် ဒုတိယမြောက်အသင်း ဖြစ်လာ

ခံစစ်အသင်းအဖြစ် တံဆိပ်ကပ်ခံထားရသော်လည်း ယခုရာသီ ဥရောပထိပ်သီးလိဂ်(၅)ခု၌ စပါးအသင်း ဂိုး(၁၀၀)ပြည့်သွင်းယူနိုင်သည့် ဒုတိယမြောက်အသင်း ဖြစ်လာ
Published 9 March 2021

စပါးအသင်းသည် နည်းပြ မော်ရင်ဟို၏လက်အောက်၌ ခံစစ်အသင်းအဖြစ် တံဆိပ်ကပ်ခံထားရသော်လည်း ယခုရာသီ ဥရောပထိပ်သီးလိဂ်(၅)ခုထဲတွင် ဂိုး(၁၀၀)ပြည့် သွင်းယူနိုင်သည့် ဒုတိယမြောက်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

စပါးအသင်းသည် ခရစ္စတယ်ပဲလေ့စ်အသင်းကို (၄-၁)ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲ၌ ယခုရာသီပြိုင်ပွဲစုံသွင်းဂိုး (၁၀၀)ပြည့်ခဲ့ခြင်းဖြစ်ပြီး ပထမဆုံး ဂိုး(၁၀၀)ပြည့်ခဲ့သည့်အသင်းမှာ ဘိုင်ယန်မြူးနစ်အသင်းဖြစ်သည်။ 

ဘိုင်ယန်မြူးနစ်အသင်းသည် လက်ရှိအချိန်၌ ပြိုင်ပွဲစုံသွင်းဂိုး (၁၀၆)ဂိုး ရှိသွားခဲ့ပြီဖြစ်ပြီး တိုက်စစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိသည်။ 

စပါးအသင်းသည် ယခုရာသီ၌ ပရီးမီးယားလိဂ်၊ FA ဖလား၊ လိဂ်ဖလားနှင့် ယူရိုပါလိဂ် ပြိုင်ပွဲ(၄)ခု၌ ယှဉ်ပြိုင်နေရာတွင် ယခုတစ်ပတ် ဂိုး(၁၀၀)ပြည့်ခဲ့ခြင်းဖြစ်သည်။ 

ယင်းမှတ်တမ်းအတွက် မော်ရင်ဟိုက ''ဒီအချက်အလက်တွေက အမှန်ဆိုရင်၊ ဒီရာသီမှာ ကျွန်တော်တို့ ဂိုး(၁၀၀)သွင်းယူနိုင်ခဲ့ပြီဆိုရင်တော့ အလွန်ခံစစ်အားသန်တဲ့အသင်း၊ အလွန်အဆိုးမြင်ခံရတဲ့ အသင်းတစ်သင်းအနေနဲ့ မဆိုးဘူးလို့ ဆိုရမှာပါ''ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ချန်ပီယံလိဂ်ဝင်ခွင့်နှင့် ပတ်သက်၍လည်း မော်ရင်ဟိုက ''ကျွန်တော် ဒီအကြောင်းကို တကယ်မတွေးပါဘူး။ ကျွန်တော်တို့ တတ်နိုင်သလောက် ပွဲတွေ အများကြီးနိုင်အောင်၊ အမှတ်တွေ ရနိုင်သမျှရအောင်ပဲ ကြိုးစားသွားမှာပါ''ဟု ပြောကြားခဲ့သည်။

■ စပါးအသင်း၏ သွင်းဂိုး(၁၀၀)

ပရီးမီးယားလိဂ်    ၄၆ ဂိုး

FA ဖလား        ၁၃ ဂိုး

လိဂ်ဖလား    ၆ ဂိုး

ယူရိုပါလိဂ်    ၃၅ ဂိုး

Most Read

Most Recent