ကိုရိုနာဗိုင်းရပ်စ် ဇာစ်မြစ် စုံစမ်းသည့်မစ်ရှင်၏ ကြားဖြတ်အစီရင်ခံစာ ထုတ်ပြန်မည့် အစီအစဉ်ကို WHO ရုပ်သိမ်း

ကိုရိုနာဗိုင်းရပ်စ် ဇာစ်မြစ် စုံစမ်းသည့်မစ်ရှင်၏ ကြားဖြတ်အစီရင်ခံစာ ထုတ်ပြန်မည့် အစီအစဉ်ကို WHO ရုပ်သိမ်း
Published 5 March 2021

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ကို ရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၏ မူလဇာစ်မြစ်ကို စုံစမ်းရန် တရုတ်နိုင်ငံ ဝူဟန်မြို့သို့သွားရောက် ခဲ့သည့် ၎င်းအဖွဲ့၏ ကြားဖြတ်အစီအရင်ခံစာ တစ်စောင် ထုတ်ပြန်မည့် အစီအစဉ်များ ကို ပယ်ဖျက်ခဲ့ကြောင်း Wall Street ဂျာနယ် တွင် မတ် ၄ ရက်၌ ဖော်ပြခဲ့သည်။

ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ်က ကိုရိုနာဗိုင်းရပ်စ် စတင်ပေါ်ပေါက်ခဲ့သည်ဟု ယူဆ ထားသည်။

ရာစုနှစ်တစ်ခုအတွင်း ကမ္ဘာ့ကျန်းမာရေး အကျပ်အတည်းဟု ခေါ်သည့် ယင်းကပ်ရောဂါနှင့် ပတ်သက်၍ အမေရိကန်နှင့်တရုတ်ကြား တင်းမာမှုများမြင့်တက်နေစဉ်ဝူ ဟန်မြို့မှ မကြာသေးမီက ပြန်လာသည့် WHO အဖွဲ့က ဗိုင်းရပ်စ်၏ မူလဇာစ်မြစ်ကို ရှင်းရှင်းလင်းလင်း ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိ ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်ကမူWHO အဖွဲ့၏ တွေ့ရှိ ချက် တစ်စုံတစ်ရာနှင့် ပတ်သက်၍ အလွန်စိုးရိမ် ပူပန်မိကြောင်းနှင့် နောက်ထပ်အချက် အလက်များ ပိုမိုရရှိရန်အတွက် တရုတ်ကိုဖိ အားပေးပြောကြားခဲ့သည်။

ယင်းအဖွဲ့၏ တွေ့ရှိချက်အကျဉ်းချုပ်နှင့် အကြိုအစီရင်ခံစာတစ်စောင်ကို မကြာမီထုတ်ပြန်သွားမည်ဖြစ်ပြီး သီတင်းပတ်ပေါင်း များစွာအကြာ၌ အစီရင်ခံစာ အပြည့်တစ် စောင်ကို ထုတ်ပြန်သွားမည်ဟု WHO အကြီး အကဲ တက်ဒရို အာဒါနွန် ဂီဘရီယေဆုက ဖေဖော်ဝါရီ ၁၂ ရက်၌ ပြောကြားခဲ့သည်။

သို့သော် ယခုအချိန်၌ ကြားဖြတ်အစီ ရင်ခံစာ ထုတ်ပြန်မည့် ယင်းအစီအစဉ်အား ပယ်ဖျက်လိုက်ကြောင်း ဝူဟန်မစ်ရှင်အတွက် WHO အဖွဲ့ကို ဦးဆောင်သည့် သိပ္ပံပညာရှင် ပီတာ အမ်ဘာရက်က ပြောကြားခဲ့သည်။

ယင်းအစား WHO အဖွဲ့သည် ၎င်းင်းတို့ ၏ တွေ့ရှိချက် အကျဉ်းချုပ်နှင့်အတူ နောက် ဆုံးအစီရင်ခံစာ အပြည့်အစုံကို ထုတ်ပြန် သွားမည်ဟု ပြောကြားခဲ့သည်။

ယင်းအစီရင်ခံစာ အပြည့်အစုံကိုလာ မည့်သီတင်းပတ်ပေါင်းများစွာတွင် ထုတ်ပြန် သွားမည်ဖြစ်ပြီး အဓိကတွေ့ရှိချက်များပါဝင် လိမ့်မည်ဟုလည်း ဆိုသည်။

“အကျဉ်းချုပ် အစီရင်ခံစာမှာ အားလုံးကို အသေးစိတ်ဖော်ပြထားခြင်း မရှိပါဘူး” ဟု ဘန် အမ်ဘာရက်က ပြောကြားခဲ့သည်။

“ဒီအစီရင်ခံစာပေါ် စိတ်ဝင်စားမှုတွေ မြင့်တက်နေကြပြီး ဒီအကျဉ်းချုပ် အစီရင်ခံ စာဟာ စာဖတ်သူတွေရဲ့သိလိုစိတ်ကိုအပြည့် အဝကျေနပ်စေမှာ မဟုတ်ဘူး” ဟု၎င်းကဆို သည်။

အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က ကပ်ရောဂါ၏အ စောပိုင်းရက်များနှင့် ပတ်သက်သည့်အချက် အလက်များကို မျှဝေပေးရန် မတ် ၄ ရက်၌ တရုတ်နိုင်ငံကို တောင်းဆိုခဲ့သည်။

“အနာဂတ်မှာ ကြုံတွေ့လာနိုင်တဲ့ ကပ် ရောဂါခြိမ်းခြောက်မှုတွေကနေ အမေရိကန် နိုင်ငံသားတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်း ကို ကာကွယ်ပေးဖို့အတွက် ကျွန်တော်တို့တွေ တတ်စွမ်းသမျှ သင်ယူလုပ်ဆောင်သွားမယ်” ဟု ပရိုက်စ်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“အဲ့ဒါကြောင့် လက်ရှိဒီကပ်ရောဂါကို ကောင်းစွာနားလည်ဖို့လိုအပ်ပါတယ်။ဒါ ကြောင့်လည်း တရုတ်အစိုးရအနေနဲ့ ပွင့်လင်း မြင်သာစွာထုတ်ပြန်ပေးဖို့လိုပါတယ်” ဟု၎င်း က ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိတွင် ကမ္ဘာတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၁၁၆ သန်းရှိ ပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၂.၅၇ သန်းရှိသည်။

Most Read

Most Recent