ပြည်သူများ၏ဆန္ဒနှင့် တစ်သားတည်းရပ်တည်လျက်ရှိနေကြောင်း MMA ကစားသမား အောင်လအန်ဆန် ပြောကြား

ပြည်သူများ၏ဆန္ဒနှင့် တစ်သားတည်းရပ်တည်လျက်ရှိနေကြောင်း MMA ကစားသမား အောင်လအန်ဆန် ပြောကြား
Photos: Aung La Nsang(Burmese Python) Facebook
Photos: Aung La Nsang(Burmese Python) Facebook
Published 9 February 2021

MMAကစားသမား အောင်လအန်ဆန်က ပြည်သူများ၏ဆန္ဒနှင့်တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ဖေဖော်ဝါရီ (၈)ရက်နေ့က လူမှုကွန်ရက်စာမျက်နှာတွင် ပြောကြားခဲ့သည်။

''လက်ရှိဖြစ်နေတဲ့အခြေအနေမှာ ကျွန်တော် မြန်မာပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ စည်းစည်းလုံးလုံးနဲ့ လုပ်ရမယ့်အရာတွေကို ထိထိရောက်ရောက် အာရုံစိုက်ပြီး ဆက်လက်လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ အန်တီစုနဲ့အတူ ထိန်းသိမ်းခံထားရတဲ့ ပါတီဝင်တွေအမြန်ဆုံးလွတ်မြောက်ပြီး မြန်မာပြည်သူတွေရဲ့ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ကို အမြန်ဆုံးပြန်လည်ရရှိပါစေလို့ ဆုတောင်းနေပါတယ်။ ၂၀၂၀  အထွေထွေရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီးတော့ အခြေအနေတွေ ပုံမှန်အတိုင်း ပြန်လည်တည်ငြိမ်လာပြီး အားလုံးပိုမိုကောင်းမွန်တဲ့ဘဝတွေမှာ ရှင်သန်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။ ဘုရားသခင်ကောင်းကြီးမင်္ဂလာနဲ့အတူ မြန်မာပြည်ကြီး ငြိမ်းချမ်းစွာနဲ့ တရားမျှတပြီး စည်းလုံးမှုများရရှိနိုင်ပါစေ''ဟု အောင်လအန်ဆန်က လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။ 

Most Read

Most Recent