တတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး တက်ရောက်မည့် လွှတ်တော် ကိုယ်စားလှယ်များကို COVID ကာကွယ်ဆေး စတင် ထိုးနှံ

တတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး တက်ရောက်မည့် လွှတ်တော် ကိုယ်စားလှယ်များကို COVID ကာကွယ်ဆေး စတင် ထိုးနှံ
Published 29 January 2021
ဉာဏ်လင်းထွန်း

ဖေဖေါ်ဝါရီ ၁ ရက်တွင် စတင်ကျင်းပမည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး  တက် ရောက်မည့်လွှတ်တော်ကိုယ်စားလှယ်များကို   COVID-19  ကာကွယ်ဆေး ထိုးနှံခြင်းအား  ယနေ့ (ဇန်နဝါရီ ၂၉ ရက်) က ပြည်သူ့လွှတ်တော်ရှိ ထမင်းစားခန်းမကြီး၌ မွန်းလွဲ ၁ နာရီတွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ်များအား COVID ရှိ၊ မရှိ ဇန်နဝါရီ ၂၃ ရက်နှင့် ၂၈ ရက်တို့တွင် နှစ်ကြိမ် စစ် ဆေးခဲ့ပြီး ရောဂါကူးစက်ခံရခြင်း မရှိသည့် ကိုယ်စားလှယ်များကို ကာကွယ်ဆေး ထိုးနှံခြင်းဖြစ်သည်။

“မထိုးခင်မှာ တစ်ခြားဘာရောဂါရှိလဲ Form တွေ ဖြည့်ရတာပေါ့။ ဆေးနဲ့မတည့်တဲ့ ရောဂါတွေ ရှိလား။ နာတာရှည် ရောဂါတွေရှိလားပေါ့။ အဲဒါပြီးတော့ သွေးတွေဘာတွေချိန်တယ်။ စမ်းသပ်ပြီးတော့မှ ဆေး ထိုးတယ်” ဟု မွန်ညီညွတ်ရေးပါတီမှ ဒေါက်တာ ဗညားအောင်မိုးက ပြောကြားသည်။  

ကာကွယ်ဆေးထိုးပြီးနောက် ဘေးထွက်ဆိုးကျိုး ရှိ၊ မရှိကို နာရီဝက် နားနေစေကာ စစ်ဆေးမှု  ပြုလုပ် ပေးကြောင်း သိရသည်။

“ကျွန်တော်လည်း အခုစောင့်နေတာ Side Effect ဘာညာ ရှိသလားဆိုတာကိုလေ။ လောလောဆယ် အချိန်အထိတော့ ဘာမှတော့ မဖြစ်သေးဘူး။ ထိုးတဲ့အချိန် နည်းနည်းလေးအောင့်တာပဲ” ဟု ပြည်ကြီး တံခွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးလင်းက ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များကို ထိုးနှံပေးခဲ့သည့် COVID-19 ကာကွယ်ဆေး  (COVISHIELD)  မှာ ဇန်နဝါရီ ၂၂ ရက်က အိန္ဒိယနိုင်ငံမှ ချစ်ကြည်ရေးလက်ဆောင်ပေးအပ်ထားသည့် ကာကွယ်ဆေး ၁.၅ သန်းထဲမှ ထိုးနှံပေးခြင်းဖြစ်သည်။

ပထမအကြိမ် COVID  ပိုးစစ်ဆေးမှုတွင် Positive ဖြစ်ခဲ့သည့်   ကိုယ်စားလှယ်လေးဦးနှင့်  ဒုတိယအ ကြိမ် ပိုးစစ်ဆေးမှုတွင် ရောဂါပိုးတွေ့ရှိခဲ့သည့်  ကိုယ်စားလှယ်     နှစ်ဦးတို့မှလွဲ၍   ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အားလုံးကို   ကာကွယ် ဆေးထိုးနှံခဲ့သည်ဟု လှိုင်မြို့နယ်  ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးအောင်ကျော်ကျော်ဦးက ပြောကြားသည်။

“ဒီနေ့ ဆေးထိုးမှုမှာ ကျန်ခဲ့တာ ခြောက်ယောက်ပေါ့။ စုစုပေါင်းက ရှစ်ယောက်ရှိတယ်။ ရှိယောက်မှာ မိ သားစုဝင်က နှစ်ယောက်၊ ကိုယ်စားလှယ်က ခြောက်ယောက်” ဟု ၄င်းက ပြောကြားသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကို နိုင်ငံရေးပါတီ ၁၂ ပါတီမှ အနိုင်ရ    လွှတ်တော် ကိုယ်စားလှယ် ၃၁၅ ဦး တက်ရောက်ကြမည်ဖြစ်သည်။

COVID ကူးစက်ခံရ၍ ကာကွယ်ဆေးထိုးနှံမှုတွင် မပါဝင်ခဲ့သည့် ကိုယ်စားလှယ်များကို  သီးခြားအစီအ စဉ်ဖြင့် ကာကွယ်ဆေး ထပ်မံ ထိုးနှံပေးမည်ဟု သိရပြီး လက်ရှိ ကာကွယ်ဆေးထိုးနှံပြီး ကိုယ်စားလှယ် များကို ဖေဖေါ်ဝါရီ ၂၆ရက်တွင် ဒုတိယအကြိမ် ထိုးနှံပေးမည်ဟု ဦးအောင်ကျော်ကျော်ဦးက ပြောကြား သည်။

လက်ရှိ COVID-19 ကာကွယ်ဆေးသည် နှစ်ကြိမ်ထိုးနှံရပြီး ပထမအကြိမ်ထိုးနှံပြီး ၂၈ ရက်အကြာတွင် ဒုတိယအကြိမ် ထိုးနှံရသည်။

ဇန်နဝါရီ ၃၀ ရက်တွင် တတိယအကြိမ် လွှတ်တော်အစည်းအဝေး တက်ရောက်မည့်  အမျိုးသားလွှတ် တော်ကိုုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို ကာကွယ်ဆေး  ထိုးနှံ ပေးမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇန်နဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ဆေး ပထမဆုံး ထိုးနှံမှုကို ဇန်နဝါရီ ၂၇ ရက်တွင်  ကျန်းမာရေး ဝန်ထမ်းများ နှင့် စေတနာ့ဝန်ထမ်းများအား ထိုးနှံပေးခဲ့ပြီး နိုင်ငံတစ်ဝန်း ကာကွယ်ဆေး    ထိုးနှံခြင်းကို ဖေဖေါ်ဝါရီ ၅ ရက်တွင် စတင်ဆောင်ရွက်ကာ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့်    ပြည်နယ်အ ဆင့် အစိုးရအဖွဲ့ဝင်များလည်း ပြည်သူနှင့်အတူ ထိုးနှံသွားမည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အစိုးရ အနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် COVISHIELD / Astranzeneca  ကာကွယ်ဆေး  အကြိမ်  အရေအတွက် သန်း ၃၀ ကို ဝယ်ယူထားပြီး ဖေဖေါ်ဝါရီ ပထမအပတ်တွင် ကာကွယ်ဆေး နှစ်သန်းခန့် ကနဦး ရောက်ရှိမည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

COVDI-19 ကာကွယ်ဆေး ထိုးနှံပြီးပါက နာခြင်း၊ နီခြင်း၊ ရောင်ခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်းတို့   ခံ စားရတတ်ကြောင်း၊ ပုံမှန်အားဖြင့် အဆိုပါလက္ခဏာများသည် ၂၄ နာရီအတွင်း သက်သာပျောက်ကင်း လေ့ရှိကြောင်း၊ မသက်သာဘဲ ပြင်းထန်လာလျှင် အခြားလက္ခဏာများ ခံစားရလျှင်   နီးစပ်ရာ   ဆေးရုံ ဆေးခန်းများသို့ အမြန်ဆုံး သွားရောက်ပြသသင့်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အ သိပေးထားသည်။