၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်သားများ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မြို့နယ်ပေါင်း ၁၉၅ မြို့နယ်မှ မဲစာရင်းများအား တပ်မတော်က စစ်ဆေးခဲ့ရာ တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသော မဲစာရင်းနှင့် မဲမသမာမှုဖြစ်ဖြစ်နိုင်သည့် မဲစာရင်း စုစုပေါင်း ၄၅ သိန်း (၄ ဒသမ ၅ သန်း) ကျော်ရှိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။
တပ်မတော်သားများ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မြို့နယ်ပေါင်း ၁၉၅ မြို့နယ်မှ မဲစာရင်းများအား စစ်ဆေးချက်အရ တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသော မဲစာရင်း ၁၈၃၃၅၅၀ ရှိပြီး မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်း ၂၇၂၅၂၈၁ ရှိကာ စုစုပေါင်း ၄၅၅၈၈၃၁ ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
တပ်မတော်အနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်သားများ ဆန္ဒမဲပေးခဲ့သော မြို့နယ် ၁၉၅ မြို့နယ်မှ မဲစာရင်းစစ်ဆေးတွေ့ရှိချက်များကို ၂၀၂၀ ပြည်နှစ် ဒီဇင်ဘာ ၂၃ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၀ ရက်အထိ အသုတ်လိုက်ခွဲကာ ၁၄ ကြိမ် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
တပ်မတော်က စစ်ဆေးခဲ့သော မဲစာရင်း စစ်ဆေးတွေ့ရှိချက်နှင့်ပတ်သက်၍ ဇန်နဝါရီ ၁၀ ရက်၌်ပင် ၁၄ ကြိမ် မြောက်အဖြစ် နောက်ဆုံးထုတ်ပြန်ခဲ့ပြီး ထိုသို့ ထုတ်ပြန်ရာတွင် မြို့နယ် ၁၆ မြို့နယ်မှ စစ်ဆေးတွေ့ရှိချက် များကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
တပ်မတော်က စစ်ဆေးခဲ့သော မြို့နယ်များမှာ ကျောက်ကြီး၊ သံဖြူဇရပ်၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ မုဒုံ၊ မြဝတီ၊ တန့်ယန်း၊ ကွမ်းလုံ၊ မိတ္ထီလာ၊ သပိတ်ကျင်း၊ ချောက်၊ တောင်တွင်းကြီး၊ ရွှေပြည်သာ၊ စစ်ကိုင်း၊ ဆွမ်ပရာဘွမ်နှင့် မိုးမောက်မြို့နယ်တို့ဖြစ်သည်။
အဆိုပါ မြို့နယ် ၁၆ မြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သော မဲပေးပိုင်ခွင့်ရှိသူ စာရင်းမှာ ၂၅၅၉၂၆၄ ရှိကြောင်း၊ တပ်မတော်က စိစစ်ခဲ့သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်းမှာ ၂၄၆၇၉၉၁ ရှိကြောင်း၊ မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၂၂၉၁၃၄ ရှိကြောင်းနှင့် မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၃၇၄၉၈၀ ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
တပ်မတော်သားများ မဲပေးခဲ့သော မြို့နယ်များနှင့်ပတ်သက်၍ ပထမအကြိမ်ဖြစ် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၃ ရက်က ထုတ်ပြန်ရာတွင် တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသော မဲစာရင်း ၃၄၇၁၀ ရှိကြောင်း၊ မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်း ၃၉၅၉၆ ရှိကြောင်း၊ ဒီဇင်ဘာ ၂၆ ရက်က ဒုတိယအကြိမ် ထုတ်ပြန်ရာတွင် တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသော မဲစာရင်း ၁၃၄၃၀ ရှိကြောင်းနှင့် မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်း ၄၆၆၇၃ ရှိကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
တတိယအကြိမ်ထုတ်ပြန်မှုတွင် တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသော မဲစာရင်း ၁၁၀၆၇ ရှိကြောင်း၊ မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်း ၄၂၉၉၂ ရှိကြောင်း၊ စတုတ္ထအကြိမ် ထုတ်ပြန်မှုတွင် တစ်ကြိမ်ထက် ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသော မဲစာရင်း ၆၃၇၁၆ ရှိကြောင်းနှင့် မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်း ၈၄၈၈၉ ရှိကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပဥ္စမအကြိမ် ထုတ်ပြန်မှုတွင် တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသော မဲစာရင်း ၁၀၈၄၁၁ ရှိကြောင်း၊ မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်း ၁၀၇၀၂၃ ရှိကြောင်း၊ ဆဋ္ဌမအကြိမ် ထုတ်ပြန်မှုတွင် တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသော မဲစာရင်း ၁၉၀၃၄၃ ရှိကြောင်းနှင့် မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်း ၂၉၉၆၉၇ ရှိကြောင်း တပ်မတော်က ထုတ်ပြန်သည်။
သတ္တမအကြိမ် ထုတ်ပြန်မှုတွင် တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသော မဲစာရင်း ၁၁၁၁၀၆ ရှိကြောင်း၊ မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်း ၂၆၇၇၁၄ ရှိကြောင်း၊ အဋ္ဌမအကြိမ်ထုတ်ပြန်မှုတွင် တစ်ကြိမ် ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသော မဲစာရင်း ၁၆၆၃၉၅ ရှိကြောင်းနှင့် မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်း ၂၈၂၇၀၆ ရှိကြောင်း တပ်မတော်က ထုတ်ပြန်သည်။
နဝမအကြိမ်ထုတ်ပြန်မှုတွင် တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသော မဲစာရင်း ၂၁၃၆၁၄ ရှိကြောင်း၊ မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်း ၃၁၄၉၉၄ ရှိကြောင်း၊ ဒသမအကြိမ်ထုတ်ပြန်မှုတွင် တစ်ကြိမ် ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသော မဲစာရင်း ၁၇၈၃၂၂ ရှိကြောင်းနှင့် မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်း ၂၂၉၁၀၆ ရှိကြောင်း တပ်မတော်က ထုတ်ပြန်သည်။
၁၁ ကြိမ်မြောက်ထုတ်ပြန်မှုတွင် တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသော မဲစာရင်း ၁၁၆၆၉၃ ရှိကြောင်း၊ မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်း ၂၀၉၈၄၇ ရှိကြောင်း၊ ၁၂ ကြိမ်မြောက်ထုတ်ပြန်မှုတွင် တစ်ကြိမ် ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသော မဲစာရင်း ၂၇၂၃၃၄ ရှိကြောင်း၊ မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်း ၃၂၆၈၉၄ ရှိကြောင်း၊ ၁၃ ကြိမ်မြောက်ထုတ်ပြန်မှုတွင် တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသော မဲစာရင်း ၁၂၄၂၇၅ ရှိကြောင်းနှင့် မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်း ၉၈၁၇၀ ရှိကြောင်း တပ်မတော်၏ ထုတ်ပြန်မှုတွင် ဖော်ပြခဲ့သည်။