အာဆင်နယ်ကို အူဘာမီယန်း စွန့်ခွာဖွယ်ရှိဟု ပေါလ်အင့်စ်ဆို

အာဆင်နယ်ကို အူဘာမီယန်း စွန့်ခွာဖွယ်ရှိဟု ပေါလ်အင့်စ်ဆို
Photo: Getty Images
Photo: Getty Images
Published 3 December 2020

အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူဟောင်း ပေါလ်အင့်စ်က အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီယန်းအနေဖြင့် အာဆင်နယ်အသင်းကို စွန့်ခွာဖွယ်ရှိသည်ဟု သုံးသပ်ပြောကြားခဲ့သည်။

လက်ရှိအာဆင်နယ်အသင်း၏ အခြေအနေများအရ အူဘာမီယန်းမှာ အသင်းတွင် စိတ်ပျက်လက်ပျက်ဖြစ်နေသည်ဟု မိမိ ခံစားရကြောင်း၊ အာဆင်နယ်အသင်းအနေဖြင့် ၎င်းကို အသင်းတွင် ရေရှည်ရှိစေရန်အတွက် (၃)နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားသော်လည်း လာမည့်ရာသီတွင် အာဆင်နယ်အသင်း၌ ၎င်းဆက်ရှိနေမည်ဟု မိမိမထင်မြင်ကြောင်း ပေါလ်အင့်စ်က ပြောကြားခဲ့သည်။ 

အူဘာမီယန်းသည် ပြီးခဲ့သည့်နွေရာသီတွင် အာဆင်နယ်အသင်းမှ ထွက်ခွာတော့မည်ဟု သတင်းကြီးခဲ့သော်လည်း စက်တင်ဘာလအတွင်း စာချုပ်သစ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent