ရပ်ရှ်ဖို့ဒ် ပခုံးဒဏ်ရာရရှိခဲ့သည်ဟု ဆိုးလ်ရှား အတည်ပြု

ရပ်ရှ်ဖို့ဒ် ပခုံးဒဏ်ရာရရှိခဲ့သည်ဟု ဆိုးလ်ရှား အတည်ပြု
Published 3 December 2020

ဆိုးလ်ရှားက "အဲဒါက စိတ်ပျက်ဖို့ကောင်းတဲ့ ပခုံးဒဏ်ရာပါ။ သူ ဘယ်လောက်မြန်မြန် ပြန်ကောင်းမလဲ စောင့်ကြည့်ရပါမယ်။ ဝက်စ်ဟမ်းနဲ့ပွဲအတွက် အသင့်ဖြစ်နေပါစေလို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တပ်အပ်မသိနိုင်ပါဘူး"ဟု ပြောကြားခဲ့သည်။

မန်ယူနည်းပြ ဆိုးလ်ရှားက အသင်း၏အဓိကတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်သည် PSG နှင့်ပွဲတွင် ပခုံးဒဏ်ရာ အ နည်းငယ်ရရှိခဲ့သည်ဟု အတည်ပြုပြောကြားခဲ့သည်။ 

အဆိုပါ အသက်(၂၃)နှစ်အရွယ် တိုက်စစ်ကစားသမားသည် ပခုံးဒဏ်ရာရရှိခဲ့သဖြင့် ပွဲချိန်(၇၄)မိနစ်တွင် လူစားလဲခဲ့ရပြီး ဝက်စ်ဟမ်းနှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲတွင် ပါဝင်နိုင်ရန် မသေချာပေ။ 

ဆိုးလ်ရှားက "အဲဒါက စိတ်ပျက်ဖို့ကောင်းတဲ့ ပခုံးဒဏ်ရာပါ။ သူ ဘယ်လောက်မြန်မြန် ပြန်ကောင်းမလဲ စောင့်ကြည့်ရပါမယ်။ ဝက်စ်ဟမ်းနဲ့ပွဲအတွက် အသင့်ဖြစ်နေပါစေလို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တပ်အပ်မသိနိုင်ပါဘူး"ဟု ပြောကြားခဲ့သည်။

မန်ယူအသင်းသည် လာမည့်စနေနေ့ညတွင် နည်းပြဟောင်း ဒေးဗစ်မွိုက်စ် ကိုင်တွယ်နေသည့် ဝက်စ်ဟမ်းအသင်းနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဝက်စ်ဟမ်းအသင်းသည် ယခုရာသီတွင် အဆင့်(၅)အထိ ရောက်ရှိကာ ခြေစွမ်းပြလျက်ရှိသည်။

ရပ်ရှ်ဖို့ဒ်သည် ယခုရာသီတွင် မန်ယူအသင်းအတွက် (၁၁၂၅)မိနစ်အထိ ကစားပေးထားပြီး (၉)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၄)ကြိမ် ပြုလုပ်ပေးထားသူဖြစ်သည်။

Most Read

Most Recent